အပိုင်း (26)

Start from the beginning
                                    

' ဒီမင်းသမီး က ရူးနေတာလားဟ... ဒါက ငါတို့ရဲ့  ကြီးမြတ်လှတဲ့ ' ချီယန်ကျန်းကျွင်း ' တစ်ဖြစ်လဲ ဧကရီ ရှန်းလု ကြောင့် ဆိုတာ အသိသာကြီးကို ဘယ်က သူ့အကိုက ဧကရာဇ် လေး ကို ထိနိုင်မှာ တဲ့တုံး.... ''

  အမတ်တွေ ကလည်း အခွင့်အရေး ရတုံး ထို ပါးရှားက သံတမန်တွေ ကို လှောင်ကာ နှိပ်ကွပ် ချင် လို့ ပါးစပ် ယားနေပြီ ပဲ ဖြစ်တယ်။

' သေချာပေါက် ဧကရာဇ် ကို ဗိုက်ထွက်အောင် လုပ်နိုင် တာက ဧကရီ ပဲရှိတာကို.... ဧကရာဇ် နားကို ယင်ကောင် တောင် မပြောနဲ့ ဘယ်လူမှ မထိအောင် ထားထာတာကို ...'

ပါးရှားက သံတမန် ခေါင်းဆောင်က လွန်ခဲ့တဲ့ ၂ လကျော် ကတည်းက ချန်းဖေး တစ်ဖြစ်လဲ သူတို့ မင်းသားက နာမကျန်းမှုကြောင့် ဆုံးပါးသွားခဲ့ ပြီ ဆိုတာ ကို သိပေမယ့် အဲ့ကိစ္စ ကို မင်းသမီး က မသိသေးဘူး မှန်း သူ မထင်ခဲ့ မိဘူး။ မဟုတ်ရင် အခုလို သူများ ပိုင်နက်ထဲ လာပြီး မင်းသမီး ကို ကိုယ့်အရှက်ကို ခွဲစေမှာ မဟုတ်လေဘူး။ သူက ငိုယိုပူဆွေးနေတဲ့ သူတို့ရဲ့ မင်းသမီး ကို ပြဇာတ် မခင်း ဖို့ အချက်ပြ လိုက် ချင်ပေမယ့် ကြင်ယာတော်တွေ ထဲက အတောက်ပြောင် ဆုံး ဝတ်ထားတဲ့ မိန်းမငယ်လေး က ပြောလေတယ်။

" ပါးရှားက မင်းသမီး ကို ဒီတဲ့ဖေး မေးစမ်း မယ်... ဒီကို မလာခင် တုံးက ဘာကိစ္စတွေ လုပ်နေခဲ့တာလဲ...''

  ကြင်ယာတော် တွေ အကုန်လုံးက ဧကရီ နဲ့ တစ်ပုံ စံထည်း ပြုံးနေ ကြပြီး လူသတ်လိုတဲ့ အရှိန်အဝါ တွေ ထုတ်နေ ကြတယ်။ ဝန်ကြီးချုပ် တောင် သူ့မြေးမလေး ရဲ့ ရှင်းလင်းနေတဲ့ အသံနဲ့ ပြုံးနေတဲ့ မျက်နှာကြောင့် ကိုယ်က တုန်လှုပ်သွား လေတယ်။

  ဒီနန်းတော် ထဲမှာတော့ ဧကရာဇ် လေးက လူတိုင်း ရဲ့ အချစ်ခံ ဖြစ်တာမို့ သူတို့ ရဲ့ အသည်းညှာလေး ကို တစ်ဖက်က ရုပ်ဆိုးမက မဟုတ်မမှန်စွပ်စွဲ နေတာ ကို သူမတို့တွေ လုံးဝ လက်မခံ နိုင်ပါဘူး။ ဧကရာဇ် လေးက သူမတို့ ထက်ငယ်သူမို့ ဘယ်တစ်ယောက် ကမှ အနိုင်မကျင့် နိုင်အောင် အမကြီးတွေ လို ကာကွယ်ပေးဖို့ သူမတို့ လိုလားလေတယ်။
အေးအေးလေး နေတက်တဲ့ ရှုဖေးတောင် ရှုးရှုးရှားရှား ဒေါသတွေ ထွက်လာလေတယ်။ လုံးဝ ကို အကျောမခံ တဲ့ ဉာဏ် အကောင်းဆုံး တဲ့ဖေး တောင် ငိုနေ တဲ့ ရုပ်ဆိုးမ ရဲ့ မျက်နှာကို ကုတ်ပစ်ချင်စိတ် ပေါက်လေတယ်။ ဒါပေမယ့် တဲ့ဖေး က သေချာပေါက် လက်စားချေမှာပဲ ဖြစ်တယ်။

COMPLETE  ဧကရီကို ကိုယ်တော် မုန်းတယ် (Own Creation)Where stories live. Discover now