အခန်း(၂၄)

Start from the beginning
                                    

"တိုက်ပွဲကိုလူတိုင်းလေ့လာခဲ့ကြတာနှစ်ရက်
ရှိပြီ ကျွန်တော်လည်းဆက်တိုက်ယှဥ်ပြိုင်ခဲ့
တယ် အခုအချိန်မှာကျွန်တော့်ရဲ့စွမ်းရည်ကို
အားလုံးမြင်ပြီးကြလောက်ပြီလို့ထင်တယ်
အဲ့တာကြောင့်ဒီမှာရှိတဲ့လူတိုင်းကိုကျွန်တော်
မေးရလိမ့်မယ်။ကျွန်တော့်ရဲ့စွမ်းရည်ကအ
တွင်းဆောင်ဝင်ဖို့လုံလောက်တယ်လို့ထင်ကြ
လား ? ကျွန်တော့်မှာတကယ်အရည်အချင်းရှိ
တယ်ဆိုတာကိုကျွန်တော်ပြပြီးပြီလား?"

ဤစကားအဆုံးတွင် ပွဲကြည့်စင်တစ်ခုလုံးရုတ်ရုတ်သဲသဲဖြစ်သွားရသည်။

အစပိုင်းတွင် အတော်များများကနှုတ်ဆိတ်နေကြသော်လည်းဖြောင့်မတ်မှန်ကန်၍ပြတ်
ပြတ်သားသားမတ်တပ်ထရပ်ကာကျယ်
လောင်စွာအော်ဟစ်တတ်သောတစ်စုံတစ်
ယောက်တော့ရှိစမြဲပင်။

"သေချာတာပေါ့!"

တစ်စုံတစ်ယောက်၏ဦးဆောင်မှုနှင့်အတူအ
ခြားသဘောတူသံများလည်းတစ်သံပြီးတစ်
သံထွက်ပေါ်လာခဲ့သည်။

"မင်းမှာရှိတယ်"

"သေချာတာပေါ့ မင်းမှာရှိတယ်လေ"

"ဒီလိုအရည်အချင်းမျိုးနဲ့တောင်အတွင်းဆော
င်ဝင်ခွင့်မရဘူးဆိုရင်အတွင်းဆောင်တပည့်
တစ်ဝက်လောက်ကိုမောင်းထုတ်ပစ်သင့်တယ်"

"ဟုတ်တယ်!"

စက္ကန့်ပိုင်းအတွင်လူအများအပြားကကျန်းရီ
၏စွမ်းရည်ကိုအသိအမှတ်ပြုလျက်ထောက်
ခံအားပေးခဲ့ကြသည်။ဤအသံများ၏ပေါင်း
စည်းမှုကကြီးမားသောအဟုန်ကိုဖန်တီးနိုင်
ခဲ့သည်။

ကျန်းရီကပွဲကြည့်စင်ထံသို့ဦးညွှတ်ပြီးအား
ပေးသံများအားလုံးကိုကျေးဇူးတင်စကားဆို
လိုက်၏။

"ဂိုဏ်းချုပ်ဒီလိုလုပ်ရတဲ့အကြောင်းကိုကျွန်
တော်သိပါတယ်အကြီးအကဲအတော်များများ
ကကျွန်တော့်မှာအရည်အချင်းရှိတယ်ဆိုတာ
ကိုမယုံဘဲကြွားနေတာလို့ပဲထင်ကြတယ် ဒါ
သာအမှန်ဆိုရင် အမှန်တရားကိုဖော်ထုတ်ပြီး
ဒီလိုအတ္တကြီးတဲ့အပြင်ကြွားဝါတတ်တဲ့လူကို
မောင်းထုတ်ဖို့တိုက်ပွဲကြီးကျင်းပချင်ခဲ့တယ်
ဆိုရင်တော့ကျွန်တော့်မှာပြောစရာမရှိပါဘူး
ဒါပေမယ့်ကျွန်တော့်မှာအရည်အချင်းရှိပြီး
အခွင့်အလမ်းလည်းရှိရဲ့သားနဲ့'သက်သေ'ပြ
ဖို့ဆိုတဲ့စကားကြောင့်သေမတတ်အပင်ပန်းခံ၊
တိုက်ပွဲတွေအားလုံးကိုရင်ဆိုင်ဖို့ခွန်အားတွေ
ကိုဖြုန်းတီးနေရမှာလဲ?"

တွယ်ကပ်ရန်ကူးပြောင်းလို့လာ[Completed]Where stories live. Discover now