သူ့ကို လက်ညိုးထိုးလာတဲ့ ဒယ်ဒီကြောင့်

"သွားမာ သွားမာ သားအခန်းပြန်အိပ်မာပါ မလိုချင်ရင် ဘာလို့မွေးတာလဲမသိဘူး"

နို့တောင်မသောက်ပဲ ချက်ချင်းကြီး ထွက်သွားပြီး ပြောလာတဲ့သားစကားကြောင့် ရှောင်ကျန့်ရိပေါ်ကို မျက်စောင်းထိုးနေလိုက်သည်။

သားနောက်လိုက်သွားမလို့ လုပ်နေတဲ့ကိုကိုလက်ကို ရိပေါ်လမ်းဆွဲလိုက်သည်။

"ကိုကို မသွားနဲ့ မောင်နဲ့အိပ်"

"လွတ် "

"အဲ့ကောင်ကို တစ်ယောက်တည်း ထားလိုက် မောင့်ကိုပဲ ဂရုစိုက်ပေး မောင့်အနားမာပဲနေပေး"

"မောင် စော်အော့က မောင့်သားနော်"

"သိတယ် မောင်သိတယ် မောင်သားမို့ လွတ်ထားလိုက်"

"အင်း လွတ်မာ လွတ်ထားမာ ဒါမဲ့သားမဟုတ်ဘူး
အိပ်တော့ ကိုကိုသားနဲ့အတူ သွားအိပ်မယ်"

"ကိုကို"

ရှောင်ကျန့် ပြုံးရင်းနဲ့ သားအခန်းကို ဝင်လာလိုက်သည်။ ထင်တဲ့အတိုင်းပဲ သားကငိုနေတာ။
သူလည်း သားရှိရာကုတင်ပေါ်ကို ပြေးလာပြီး သားကိုရင်ခွင်ထဲ ထည့်ထားရင်း ချော့နေလိုက်သည်။

တစ်ယောက်တည်းအိပ်ရမယ့်သူက ရိပေါ်ကိုယ်တိုင်ပြန်ဖြစ်နေတော့ ကုတင်ပေါ်မာ ထိုင်ပြီး ငူငိုင်ငိုင်ဖြစ်နေတော့သည်။😂
.
မနက်ရောက်တော့ စော်အော့မျက်လုံးဖွင့်ဖွင့်ခြင်း သူ့မျက်စိနဲ့တောင် မယုံနိူင်ဖြစ်နေတယ်။

သူကဒယ်ဒီနဲ့ ပါပါးကြားမာ ဒယ်ဒီလက်ကလည်း စော်အော့ကို ဖက်သလိုမျိုး စော်အော့ကိုယ်ပေါ်မာ" ခိခိ" ။

သူ့ရီသံကြောင့် ထင်တယ် ဒယ်ဒီကမျက်လုံးဖွင့်လာလို့ ပြီးတော့ သူ့နဖူးကို နမ်းတယ်။

ဒီလိုကျတော့ ဒယ်ဒီက စော်အော့ချစ်သားပဲ။

"ဒယ်ဒီ "

"ရှူး" စော်အော့ ခေါ်တော့ ဒယ်ဒီက လက်တစ်ချောင်းနဲ့ သူ့ကိုရှူးတိုးတိုးလုပ်ပြသည်။

သဘောကပါပါးအိပ်နေသေးတယ် တိတ်တိတ်နေပေါ့ စော်အော့လည်း ခေါင်းညိတ်ပြလိုက်တော့ ဒယ်ဒီကစော်အော့ကို ချီလိုက်သည်။

Our Family (Completed)Where stories live. Discover now