"မင်းကကျောင်းသားအသစ်လား.. ငါကကျင်းဝူရှုပါ "

"ငါကရှောင်းကျန့်ပါ "

"အင်းအင်း.. အကူအညီလိုရင် ငါ့ကိုပြော.. "

ပြောပြီးပြန်အိပ်သွားတဲ့ ကတုံးပေါက်ကေနဲ့ ကျောင်းသားကကိုယ့်အတွက်တော့ အထူးအဆန်းပဲ ။ အတော်တွေပဲစုနေတဲ့ အထက်တန်းနောက်ဆုံးနှစ်(A)ခန်းမှာ ဒီလိုဇိုးတွေလည်းရှိသေးသကိုး ။

"အာ့... "

အတန်းပိုင်ဆရာမလက်ထဲက မြေဖြူခဲက ဇိုးကောင်ဝူရှုဆီကိုပျံသန်းခဲ့ပါတယ် ။

"စာကိုကြည့်တော့ ဝူရှု.. "

မြေဖြူခဲအစွမ်းကြောင့် ပြာပြာသလဲစာအုပ်ရှာနေတဲ့ ဝူရှုကို အားလုံးကဝိုင်းကြည့်ပြီးရယ်နေပေမဲ့ သူကတော့ကိုယ့်ကိုကြည့်နေတယ် ။

သူလှည့်ကြည့်တာက ဝူရှုမဟုတ်ပဲ ကိုယ်ဖြစ်နေတဲ့အခါ မယုံနိုင်လို့ နှာထိပ်ကိုလျှောကျနေတဲ့ ကိုယ့်မျက်မှန်လေးပင့်တင်ပြီး သူ့ကိုကြည့်လိုက်ပေမဲ့ ဖြတ်ခနဲခဏတာအချိန်လေးမှာ သူကကျောခိုင်းသွားခဲ့တယ် ။

ကိုယ်မသိတဲ့ သူဟာ ဘယ်လိုလေးဖြစ်မလဲ ။

မနက်ပိုင်းစာသင်ချိန်တွေပြီးတဲ့အခါ အခန်းရှေ့မှာရစ်သီနေတဲ့ ကျောင်းသူနှစ်ဦးကို တွေ့ရတယ် ။ သူတို့က ဒီအတန်းကမဟုတ်ဘူး ။

"အဲ့ဒါ အတန်းခေါင်းဆောင်ရဲ့ ဇယားတွေလေ "

"အတန်းခေါင်းဆောင်.. ? "

"အာ.. မင်းမသိသေးဘူးပဲ ။ အတန်းခေါင်းဆောင်ဆိုတာ ရှေ့ဆုံးခုံက အသားပိုဖြူတဲ့တစ်ယောက် ။ နာမည်က ဝမ်ရိပေါ်တဲ့.. "

"ဝမ်ရိပေါ်.. "

မင်းနာမည်လေးကို အသံထွက်ပြီးရွတ်ကြည့်တော့ ဝူရှုကခေါင်းညိမ့်ပြတယ် ။

"အင်.. မင်းမသိတာရှိရင်ငါ့ကို မေးလို့ရတယ် ။ ဒီကျောင်းမှာ ငါမသိတာမရှိဘူး "

အတန်းရှေ့က မင်းဇယားလေးကိုတွေ့သွားတဲ့ မင်းက မင်းရဲ့အနက်ရောင်ဆံစတွေကို ခပ်ဆတ်ဆတ်ဖွလိုက်တယ် ။ ဒါက မင်းစိတ်ရှုပ်တယ်ဆိုတဲ့သဘောလား ။

"နှစ်ယောက်လုံးက သူ့ဇယားလား "

"မင်းကလည်း နှစ်ယောက်လုံးတော့ ဘယ်ဟုတ်မလဲ ။ သူနဲ့စကားပြောနေတဲ့ ဆံပင်ရှည်လေးနဲ့တစ်ယောက် ။ အထက်တန်းဒုတိယနှစ်ကကွ ။ သူ့ထက်အသက်ငယ်တယ် "

𝐍𝐞𝐞𝐝 𝐓𝐨 𝐁𝐞 𝐂𝐥𝐨𝐬𝐞.. [Completed] Where stories live. Discover now