MFLY-1(Uni+Zawgyi)

154 5 1
                                    

ခုနစ်အားဖြင့် ၂၀၀၉၊
ပြတင်းပေါက်က ဖြာကျလာတဲ့နေခြည်ဟာ
စာသင်နှစ်တစ်နှစ်ရဲ့ အပင်ပန်းဆုံးကာလဖြစ်တဲ့
အတန်းတင်စာမေးပွဲကြီး ပြီးဆုံးသွားပြီဆိုတာ ဖော်ပြနေဟန်။

ဒီနေ့ဟာ ပင်ပန်းနွမ်းလျမှုတွေ
လွတ်ချပြီး စာသင်နှစ်တစ်လျှောက် ပျက်ယွင်းခဲ့ရတဲ့၊
အိပ်ချိန်တွေကို အစားထိုးအိပ်စက်ရမည်မဟုတ်လား။

လက် တွေ့ဘဝ မှာ စာမေးပွဲပြီးလို့
ခေါင်း ထဲမှာ ရှိတဲ့ စာတွေ အကုန် ရှင်းပြစ်မယ် ကြံရုံရှိသေး၊
အိပ်မက်ထဲတွင်တော့ ကျနော်ဟာ အတန်းတင် စာမေးပွဲကြီးကို
ဖြေရမဲ့ ဘာသာနဲ့ ကျက်သွားတဲ့ ဘာသာက တစ်လွဲတွေဖြစ်နေလို့
အဖြေလွှာမှာ မေတ္တာသုတ်တွေချည်း ချရေးနေပါသတဲ့လေ။

မေတ္တာသုတ်တွေ ချရေးနေတယ်ဆိုလို့ အထင်မကြီးလိုက်လေနဲ့
ဒီလောက်နဲ့ မပြီးသေးဘူးဗျ၊
မေတ္တာသုတ်ဆိုတဲ့ ခေါင်းစဥ်နဲ့အစချီပြီး တစ်ပုဒ်လုံးဟာလည်း
မေတ္တာသုတ် ၊မေတ္တာသုတ်၊မေတ္တာသုတ် ဆိုပြီး နှစ်မျက်နှာလောက်ရေးထားလေရဲ့။

ဟိုက် သေပြီ၊အချိန်ကလဲ စေ့နေပြီ၊
မေတ္တာသုတ်ကလည်း မပြီးသေးဘူး၊ဒီထက်ပိုလဲ မရေးတတ်တော့
နိုင်းမော်ကွန်းညို ဇောချွေး တွေပြန်ရပြီလေ။
ခေါင်းလောင်းကလဲ ထိုးတော့မယ်၊
စာမေးပွဲကလည်း မအောင်လို့မဖြစ်၊ အခန်းစောင့်ဆရာမကလည်း
သား စာရွက်ယူမလား ချည်းပဲ့မေးနေတယ်.(အမေကယ်ပါ)

ဒေါက်..ဒေါက်...

တံခါးခေါက် သံကြားမှပဲ့ အိပ်မက် ဆိုးကြားက
ကမန်းကတမ်း ရုန်းထွက်နိုင်ပါတော့တယ်။
အိပ်မက်ကတော့ စာမေးပွဲဖြေရတာဆိုပေမဲ့
မနေ့ကမှ ဖြေပြီးသွားတဲ့ ကျောင်းသားအတွက်တော့
ဒီအိပ်မက်က အိပ်မက်ဆိုးကြီးလိုပင်။

"သား.၊ချွေးတွေနဲ့ပါလား
အိပ်မက်ဆိုးတွေ မက်လို့လားဟင်သား"

"မဟုတ်ပါဘူး မေမေရဲ့၊
သား အိုက်လို့ပါဗျ"

မုသားမပါ လင်္ကါမချောတဲ့
ကျောင်းသားတစ်ယောက်က စာမေးပွဲဖြေရသည့်အိပ်မက်,
မက်နေတာကို ၊အိပ်မက်ဆိုးဟု ပြောလျှင်
ဒီကိစ္စက အမေ့အမျိုးတွေကြားထဲထိ ဟာသတစ်ပုဒ်
ဖြစ်ရပေအုံးမည်။

You've reached the end of published parts.

⏰ Last updated: Nov 11, 2021 ⏰

Add this story to your Library to get notified about new parts!

My Fearing Losing YouWhere stories live. Discover now