ကျေးဇူးပါ။မောင့်အသည်းငယ်။ကိုယ့်ကို ချစ်ပေးလို့။ပြီးတော့ တစ်သက်စာ အကောင်းဆုံးလက်ဆောင်အဖြစ် ကလေးငယ်လေးတွေကိုပေးခဲ့လို့။

မောင့်အသည်းငယ် ပင်ပန်းသွားရပြီ။

"ဟေ့ကောင် ကလေးလေးတွေသွားကြည့်ရအောင် ငါမစောင့်နိုင်တော့ဘူးကွ ဟီးဟီး"

ရိရှင်းကတက်တက်ကြွကြွနှင့်ဆိုတော့ ချန်းယောလ်ကခေါင်းညိတ်ရင်း ဘတ်ဟျွန်းနှင့်ကလေးတွေအား ခေါ်သွားသည့် သီးသန့် ဆေးရုံခန်းဆီသွားလိုက်ကြသည်။

ကုတင်ပေါ်တွင် အေးချမ်းစွာ အိပ်စက်နေသော ချစ်ရသူလေးအနားသွားရင်း နှဖူးကိုညှင်ညှင်သာသာလေးနမ်းရှိုက်လိုက်လေတယ်။

ပင်ပန်းလို့ အိပ်မောကျနေတဲ့ ဘတ်ဟျွန်းကို ချန်းယောလ်ကတမြတ်တနိုးငေးကြည့်ရင်း ပြုံးလေတယ်။

"ဟေ့ကောင် ချစ်စရာလေးပိစိလေးကွ ဟိဟိ"

ရိရှင်းက အနှီးလေးနှင့်ထုတ်ထားသော ကလေးပေါက်စလေး ၂ယောက်အား အသည်းယားစွာတစ်ပြုံးပြုံးဆိုလေတော့ ချန်းယောလ် ကလေးတွေအနားသွားကြည့်လိုက်တယ်။

ဖွေးဖွေးတုတ်တစ်လေးနဲ့ ကလေးလေးတွေက သူ၏ပါးပါးနီးတူ အိပ်စက်နေကြပြီး ချန်းယောလ်ကတော့ အလှဆုံးပန်းချီကားချပ်ကြည့်ရလို သဘောတကျသာငေးကြည့်နေတယ်။

"ငါ အကြောင်းကြားလိုက်အုန်းမယ်"

"အင်း "

ရိရှင်းကဖုန်းကိုထုတ်ယူရင်း ချန်းယောလ်ညီဆယ်ဟွန်းဆီအပါအ၀င် ဘတ်ဟျွန်းနှင့်ရင်းနှီးသော လုဟန်ဆိုသည့် ကောင်ငယ်လေးဆီပါ ဖုန်းဆက်အကြောင်းကြားလိုက်လေသည်။ဂျုံအင်ကတော့ ရိရှင်းဖုန်းဆက်နေတုန်းမှာပဲ ကလေးနို့ဘူးကြီးကိုင်လျက် အပြေးလွှားရောက်လာလေသည်။

"ပိစိလေးတွေရော"

"ရှုး အိပ်နေတယ်"

ချန်းယောလ်က၀ုန်းဒိုင်းကျဲနှင့် အထဲဝင်လာကာ အော်မေးနေသော ဂျုံအင်အား သတိပေးလိုက်တယ်ထိုသို့အခါမှ ဂျုံအင်က ပါလာတဲ့ နိုးဘူးကို ဘေးနားချရင်း အသာလျှောက်လာကာ ဘတ်ဟျွန်းနားအိပ်ပျော်နေသော ကလေးလေး၂ယောက်အား လှမ်းကြည့်တယ်။

𝐃𝐄𝐌𝐎𝐋𝐈𝐓𝐈𝐎𝐍[COMPLETED]Where stories live. Discover now