"မောင် မမှတ်မိဘူးလား...ပြန်စဥ်းစားကြည့်ပါဦး "

လောင်းရိပ်စကားကြောင့် မောင့်ဦးနှောက်အား အလျင်အမြန်အလုပ်လုပ်ရပါတော့သည် ။

"ဒါ ဘယ်လို မှတ်ဉာဏ်ကြီးလဲ "

မောင်၏ မှတ်ဉာဏ်ဆီသို့ အလည်တစ်ခေါက်.....

"ဦးရိပ်ရေ......"

အိမ်ရှိရာ အရှေ့ဘက်သို့ မသွားဘဲ အနောက်ဘက်သို့သာ တယိမ်းတယိုင်ဖြင့် ပြေးသွားနေသော မောင့်အား လောင်းရိပ် လိုက်ဖမ်းနေရပါ၏ ။ ပြေးနှုန်းနှင့် ရှောင်နှုန်းက အားကစားလုပ်သော လောင်းရိပ်ပင် အံ့သြရသည်။ ဖမ်းလိုက် လွတ်ထွက်သွားလိုက်ဖြင့် အိမ်သို့ ပြန်ကို မရောက်နိုင်ပေ ။

"မောင်...ရှူး..တိုးတိုး လူတွေ အိပ်နေကြပြီလေ "

"အာ...ဟုတ်လား...အဲ ဟုတ်သားပဲ ရှူး....."

မောင်က နှုတ်ခမ်းလေးပေါ်သို့ လက်ညှိုးလေးအား တင်လျက် မျက်ဝန်းလေးများ ဝိုင်းစက်နေအောင် လုပ်ပြနေသည်။

"ပြန်ရအောင်နော်..."

" လက်စွပ် စွပ်မပေးရသေးဘူးလေ "

"ရော့လေ "

လောင်းရိပ်လက်ထဲမှ လက်စွပ်လေးအား.ထုတ်ပြလိုက်တော့...

"မောင် ပြောသလို လုပ်ပါဆို...မလုပ်ဘူးလား...မလုပ်ရင် အကျယ်ကြီး အော်လိုက်မှာနော် "

မျက်နှာလေးအား  တင်းထားကာ ခြိမ်းခြောက်နေသော ကောင်လေးအား ကြည့်ရင်း လောင်းရိပ် အပြုံးတို့ ရပ်၍ မရနိုင်ပါလေ ။

"ဦးရိပ်မပြောတတ်ရင် မောင် ရှေ့က တိုင်ပေးမယ်လေ ၊ ဦးရိပ်က လိုက်ဆိုပေါ့ "

"ဟား....မောင်ကတော​လေ ၊ ဘယ်လိုတွေတောင် ချစ်ဖို့ကောင်းနေရတာလဲ "

"အယ်...ချစ်ဖို့ကောင်းတယ်လို့ ပြောလိုက်တယ်နော် "

"အင်းလေ "

"အဲ့ဒါဆို မောင်ပြောသလို လက်ထပ်ခွင့်တောင်းလေ "

"အဲ့လိုလုပ်ပြီးရင် အိမ်ပြန်မှာလား "

"ဟုတ် ဟီးဟီး ၊ တကယ် ဒူးလေးထောက်ပြီး လက်စွပ်လေး စွပ်ပေးမှာလားဟင်... ရင်တွေ ခုန်လိုက်တာ "

နားခိုခွင့် /နားခိုခြင့္ {Completed }Hikayelerin yaşadığı yer. Şimdi keşfedin