အပိုင်း - ၃၈.၂

Start from the beginning
                                    

ရုတ်တရက် လင်ရှန်းသတိရသွားတယ် "မင်းက ဒီမနက် သူတို့ကိုသွားခြောက်တာက စိတ်လှုပ်ရှားအောင် လုပ်ဖို့ပဲလား?"

မော့ကျူးချန် ပုခုံးတွန်းပြလိုက်တယ် "မင်းက ဒီလိုထိတ်လန့်စရာကြီး ကြုံထားရပြီးတာတောင် တရားမျှတတဲ့ပြိုင်ပွဲကို လိုချင်တယ်နေတာလေ၊ အတိုချုပ်ပြောရရင် ငါကတော့ လုမြောင်မြောင်ကို စိတ်အေးချမ်းသာစွာနဲ့ စာမေးပွဲ ဝင်ဖြေခိုင်းမှာမဟုတ်ဘူး"

လင်ရှန်း မတတ်သာစွာ ရယ်မိတော့တယ်။ ဒီလိုနည်းလမ်းတွေလုပ်တာက အနည်းငယ်တုံးအတယ်ဆိုပေမယ့် အတော်လေး မိုက်တယ်လို့လည်း ခံစားမိတယ်။

"အဲ့တော့ အေးဆေး သွား​ကြတာပေါ့" မော့ကျူးချန် လက်ကိုဆန့်ထုတ်ပြီး လင်ရှန်းပုခုံးကို ပုတ်လိုက်တယ် "မင်းရဲ့ပြိုင်ဘက်က အခုဆိုရင် မင်းထက်တောင် ပိုကြောက်နေပြီ"

"ငါ မင်းကို ကျေးဇူးတင်ပါတယ်" လင်ရှန်း အပြုံးတစ်ပွင့်နဲ့ ပြောလိုက်တယ်။ ခုနတုန်းကထက်စာရင် သူအများကြီး ပေါ့ပါးသွားပုံလည်းရတယ်။

ဒီကိစ္စအတွက် သူ အပြစ်မကင်းသလိုမျိုး ခံစားနေမှာမဟုတ်ဘူး၊ ဘယ်လိုနေနေ လုမြောင်မြောင်ကသာ အရင်ဆုံး စည်းဖောက်ခဲ့တဲ့သူဖြစ်တယ်။

အခု မော့ကျူးချန်လုပ်လိုက်တာကလည်း သူမကို ခြောက်ရုံသာဖြစ်ပြီး ဘာမှထပ်မပိုဘူး။ ထပ်ပေါင်းပြောရရင် ဒီလိုအချိန်အတောအတွင်း မော့ကျူးချန်နဲ့ အတူရှိနေခဲ့ရတဲ့အတွက် မော့ကျူးချန်မှာလည်း သူ့ရဲ့အမူအကျင့် စည်းမျဉ်းတွေနဲ့ နည်းလမ်းတွေကို လင်ရှန်း သိရှိလိုက်ရတယ်။

တကယ်တော့ သူနဲ့အဆင်ပြေပြေနေဖို့က မခက်ခဲလှဘူး။

"ရပါတယ်ကွာ" မော့ကျူးချန် အလေးအနက်ပြန်ဖြေလာတယ်။

နွေဦးလေပြေက ယခင်ရွက်ဝါတွေကို ဖြတ်တိုးသွားပြီး သူတို့ရှေ့မှာရှိတဲ့ စားပွဲပေါ်ကို ကြွေကျလာစေတယ်။ လင်ရှန်း လက်ကိုဆန့်ထုတ်ပြီး သစ်ရွက်တစ်ခုကို ကောက်လိုက်တယ်။ မျက်တောင်တစ်ခတ်အတွင်းမှာတင် သူက စာအုပ်ထဲရောက်လာခဲ့တာ လဝက်ကျော်လောက်တောင် ရှိနေပြီပဲ။

ကျောင်းတွင်းအချစ်ဝတ္ထုထဲမှာ ငါလေးက သုံးပိုင်းတည်းပါတာလေ! [ဘာသာပြန်]Where stories live. Discover now