ထိုနှစ်တုန်းက အစ်ကိုဖြစ်သူကို အနိုင်ယူပြီး ယဲ့မိသားစု၌ အာဏာရှိသည့် အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူပြီးကတည်းက သူသည် အေးဆေးတည်ငြိမ်သော မျက်နှာထားနှင့်သာ ကိစ္စအဝဝကို ကိုင်တွယ်ဖြေရှင်းခဲ့သည်။ နှစ်ကာလများစွာ ကြာညောင်းသွားသည့်တိုင် မည်သို့သော အခြေအနေမျိုးနှင့် ကြုံတွေ့နေပါစေ၊ ယခုကဲ့သို့ စိတ်ဖိစီးပြီး သည်းမခံနိုင်တော့တာမျိုးအထိ မဖြစ်ခဲ့ဖူးပါချေ။

အကယ်၍ ယဲ့ထင်သာ ရန်ကျားလိ အပေါ် လက်ပါရဲခဲ့လျှင် များပြားလှစွာသော နည်းလမ်းထောင်ချီကို အသုံးပြုပြီး ရန်ကျားလိ စကားပြောလာအောင် တွန်းအားပေးနေလိမ့်မည်ဟု တွေးနေမိသည်။

ကျန်းမာရေး စစ်ဆေးချက်ကို သုံးရက်မြောက်နေ့ နေ့လည်ခင်းတွင် ပို့ပေးခဲ့သည်။

စစ်ဆေးချက်မှာ ရန်ကျားလိဆီသို့ မရောက်သွားဘဲ ယဲ့ထင်၏ ကုမ္ပဏီဆီသို့ တိုက်ရိုက်ပို့လိုက်သောကြောင့် ယဲ့ထင်လက်ထဲသို့ တန်းတန်းမတ်မတ် ရောက်ရှိသွားသည်။

စစ်ဆေးချက်ကို လက်ခံရရှိလိုက်သည့် နောက်တစ်စက္ကန့်မှာပဲ ယဲ့ထင်က သူ​ဆောင်ရွက်နေသည့် စာရွက်စာတမ်းများအားလုံးကို ဘေးသို့ တွန်းပို့လိုက်သည်။

သူသည် အနည်းငယ် တုန်ရီနေသော လက်နှစ်ဖက်နှင့် ကော်ကပ်ထားသော စာအိတ်ကို ဖွင့်ဖောက်လိုက်ပြီး အထဲမှ သပ်သပ်ရပ်ရပ် စီထည့်ထားသော ဆေးစစ်ချက်များကို ထုတ်လိုက်သည်။

အချိန်ကိုက်ပါပင်။ တစ်ဖက်မှ ဆေးရုံကလည်း ထိုခဏမှာပဲ ဖုန်းခေါ်လာသည်။

ယဲ့ထင်သည် တစ်ဖက်က ဆေးရုံ၏ ဖုန်းကို လက်ခံလိုက်ပြီး တစ်ဖက်ကလည်း ဆေးစစ်ချက်ပေါ်မှ စာလုံးများကို မျက်လုံးများနှင့် သေသေချာချာ စကန်ဖတ်နေသည်။

ဖုန်းဆက်လာသူမှာ ဆေးစစ်ချက်ပါ အကြောင်းအရာများကို ရှင်းပြရန် တာဝန်ယူထားရသော ဆရာဝန်ဖြစ်သည်။

"လူကြီးမင်းယဲ့၊ မင်္ဂလာပါ။ လူကြီးမင်းရန်ရဲ့ ကျန်းမာရေး အခြေအနေနဲ့ ပတ်သတ်ပြီး ခင်ဗျားကို ​ရှင်းပြဖို့ လိုအပ်တဲ့ အချက်ကလေး တချို့ရှိလို့ပါ"

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now