"အင်း....အဲ့ဒါဆို ငါအဆောင် အရင်ပြန်နှင့်မယ်! ရွန်တို့ စောင့်နေမှာစိုး......အင့် ~"
စကား မဆုံးခင်မှာပဲ ဟယ်ရီ ရဲ့ သေးသွယ်တဲ့ ခါးလေးကို ဒရေကိုက လှမ်းဆွဲ ကာ ဖက်လိုက်သည် ။
"ဟျောင့်....မင်းဘာလုပ်...အွတ်~"
စတိုခန်းထဲတွင် သူတို့ နှစ်ယောက် အပြင် ဘယ်သူမှ မရှိလို့ တော်ကာ ကျမည် ။
အခု ဟယ်ရီ့၏ အခြေအနေက ခြင်္သေ့ လက်ထဲမှ ယုန်သူငယ် လို...။
အဖက်ခံလိုက်ရရုံ မကပဲ အနမ်းပါ ခံလိုက်ရသည်... ။ဒါမဲ့ သိပ်တော့ မကြာလိုက်ပါ.. ဒရေကိုက သူ့ကို လွှတ်ပေးသည် ။
သူ စကားပြောဖို့ ပြင်လိုက်သော်လည်း ဒရေကိုက လက်ဦးမှု ယူလိုက်ပြန်သည် ။"နားထောင်... ဟယ်ရီ! "
ဒရေကို ရဲ့ လေသံကတော့ နှစ်ယောက်ကြား တိုးလျနေသော်လည်း စကားလုံးများကတော့ လေးနက်လို့...။
"ငါမင်းကို ချစ်တယ် ! မင်းငါ့ကို ချက်ချင်းကြီး အဖြေပေးစရာ မလိုပါဘူး..ငါစောင့်နိုင်တယ်..ငါ့ကို ကွစ်ဒစ်ပွဲ နောက်ဆုံးနေ့ ကျမှ သေချာတဲ့ အဖြေတစ်ခု ပြန်ပေးပါ "
သူ့မျက်လုံးကို စေ့စေ့ကြည့်ကာ လေးနက်စွာ ပြောနေသည့် စကားလုံးများကြား ရင်ထဲက အကောင်ငယ်လေး သည်လည်း ပုံမှန်ထက် ပိုခုန်နေခဲ့သည် ။
"ငါ...."
"ငါသွားတော့မယ်!ဟယ်ရီ...ကောင်းကောင်းပြန်ပါ"
ဟုတ်ကဲ့... ခဗျားတို့ရဲ့ မောင်မင်းကြီးသား ဒရေကို က တော့ ပြောချင်ရာ ပြောပြီး ပြန်ထွက်သွားပါပြီ...။
ကဲ....အမောင်ဟယ်ရီ ရေ...
မင်းတော့ စဉ်းစားခန်း ဖွင့်ရဦးမယ်ပေါ့။
___________________________
"ဟယ်ရီ.."
ထိုအသံကား ဟာမွန်နီ ၏ အသံ..။
"နင် လေ့ကျင့်ရေး ဆင်းတာ အဆင်ပြေရဲ့လား"
"အင်း...ပြေပါတယ်! ဒါနဲ့ ရွန်ရော"
"ငါလည်း မသိဘူး!ငါအခု ငါ့သူငယ်ချင်း တစ်ယောက် စီကို သွားမလို့...လိုက်မလား"