အပိုင်း ၂၀

Começar do início
                                    

"ဟဲ့ အဲလောက်ခေါ်ချင်နေရင်လဲ ပြန်ထည့်ပေးလိုက်လေ...သူငယ်ချင်းအရင်းကြီးကို လုပ်ရက်တာ...."

"ပြန်ထည့်ပေးနိုင်ရင် နင့်ကို ခေါ်ပြောနေတော့မလား..."

အံ့သြမှုအပေါင်းနှင့် နွယ်က မျက်စောင်းထိုးလာသည်...

"ငါမပြောခဲ့ဘူးလား...အစကတည်းက နင် ကိုယ့်ခံစားချက်ကို ကိုယ်သဘောပေါက်အောင် ကြိုးစားသင့်တယ်လို့..."

ဘာစကားမှ ထွက်မလာတော့တဲ့သစ္စာကို ကြည့်ကာ နွယ်သနားသွားရသည်...သူ့ဘက်ကကြည့်တော့လဲ အဲလိုခံစားချက်မျိုးရှိလို့ မဖြစ်ခဲ့ဘူးကိုး...

"အခုပြောပါဦး လက်ရှိအခြေအနေလေး..."

"သူ့ဘက်က ငါ့ကို ဖြူဖြူစင်စင်ပဲသဘောထားတာ..."

"ညားပြီးတာကိုတောင်လား..."

"ကျစ်...နွယ် ကောင်းကောင်းပြောစမ်းပါ..."

"အေးပါဟာ...ဟီးး ဆက်ပြော..."

"ငါဘယ်လို ရှေ့ဆက်တိုးရမလဲမသိဘူး...ပြီးတော့ နင်နဲ့ တမင် အထင်လွဲအောင် လုပ်ထားတဲ့ကိစ္စကလဲ ရှိနေသေးတော့..."

"နင်က ပြေလည်ချင်နေပြီပေါ့..."

"အင်း...ဒါပေမယ့် အခြေအနေတွေက တကယ်ခက်တယ်...ဖြစ်ထားတဲ့ကိစ္စတွေကြောင့် သူ့ဘက်က ငါ့ကို မုန်းရင်လဲမုန်းနေမှာ...ဘယ်လိုပဲစဥ်းစားစဥ်းစား ဘယ်လိုရှင်းရမလဲ ငါမသိတော့ဘူး..."

"ဟင်းးး..."

နွယ်ပါ သက်ပြင်းချမိသွားသည်...သစ္စာကို ကြည့်တော့လဲ စိတ်ရှုပ်နေဟန်က အတိုင်းသား...

"ချစ်တယ်ပေါ့ ဟုတ်လား..."

သစ္စာ ငိုင်တွေသွားသည်...ဒါကို ဝန်ခံဖို့ အချိန်ကျပြီလား သူမ မသိပါ...နွယ်ကလဲ အတင်းအကျပ်ဆက်မမေးပါ...

"ကလေးက နင့်ကို သံယောဇဥ်ရှိတယ်လို့ ငါအစောကြီးထဲက ပြောခဲ့ပါတယ် သစ္စာရယ်...အဲလောက် စိတ်ညစ်မနေပါနဲ့... ခုထိလဲ နင်စီစဥ်ခဲ့သမျှ သူဘာငြင်းခဲ့ဖူးလို့လဲ..."

ခု ကိုယ့်ကို အထိမခံတော့တာတွေကို ဘယ်လို​ပြောပြရမလဲ...နှင်းလဲ အားကိုးရှိနေတာမလို့ အခန့်မသင့်တာနဲ့ အချိန်မရွေး ထွက်သွားနိုင်တာကိုရော ဘယ်လိုလုပ် စိတ်မပူဘဲ နေနိုင်မှာလဲ... ပြီးတော့ မာမီရောက်လာရင်ရော...

ရွှေရုပ်Onde histórias criam vida. Descubra agora