"ဟဲ့  နေအုံးလေ စောင့်အုံး။ ဟဲ့ ခီတန်ကူးဇဏ်"

သူငယ်ချင်းအုပ်စုထဲတွင် ဗရုတ်အကျဆုံးသူကို ပြပါဆိုလျှင် ဆူးဒေဝီသာဖြစ်သည်။

•••••••

ကျူရှင်လမ်းထိပ်ရှိ ၀က်သားတုတ်ထိုးဆိုင်တွင်ဖြစ်သည်။

"အန်တီ သမီးကိုလေ အသည်း ၊ အူ ၊ နှလုံး ၊ ကလီစာ ၊ အသား ၊နားရွက် ၊ လျှာ ၊အခေါက် စုံနေအောင်လှီးပေးပါ"

ပါးစပ်မှစားနေတာတင်မကုန်သေး အန်တီကြီးကိုပင် ထပ်ပြီးလှီးခိုင်းနေတဲ့ ဆူးဒေဝီကြောင့် ဇဏ်ခေါင်းကိုသာအသာယမ်းမိသည်။

သူကဝောာ့ဘာမှ သိပ်မစားဖြစ် ၊ လမ်းဘေးစာတွေ ဘာတွေစားတာလည်း ဖွားဖွားကမကြိုက်သလို သူလည်းမကြိုက်။

တုတ်ထိုးဆိုင်လေးက လမ်းဘေးတွင်ဖြစ်သော်လည်း စုံလင်နေကာ ဗူးလေးများဖြင့်ပင် ပါဆယ်ပို့ရသည်ထင်သည်။ ဗူးလေးများလည်း တန်းစီကာထပ်ထားသည်ကိုတွေ့ရသည်။

ဇဏ် ဟိုဟိုဒီဒီငေးနေစဉ် ဒုတ်ထိုးဆိုင်အတွင်းသို့ လူတစ်ယောက်၀င်လာသည်။

"အန်တီ ကျွန်တော်မှာထားတာလေး "

"ရပြီသား ယူသွားနော် "

"ဟုတ်ကဲ့ဗျ "

ဇဏ် အသံကြားလို့ လျပ်တစ်ပြတ် မော့ကြည့်လိုက်တော့ မိုးသန့်ညိမ်ဖြစ်နေသည်။ ဒီလူက တော်တော်တော့ချော‌သည်။ နေ့ခင်းဘက်မို့ ကြည်‌လင်နေသော အသားအရေကထင်းလင်းနေသည်။ ပန်းနု‌‌ရောင်နှုတ်ခမ်းသားတွေက အချိုးကျစွာ တည်ရှိလျက် ။

ဇဏ့်နည်းတူ မျက်လုံးမှ အရောင်အဝါများထွက်လောက်အောင်ငေးနေသောသူတစ်ယောက်လည်းရှိသည်။

ဆူး အသံချိုချိုလေးကြောင့် ကြည့်လိုက်တော့ ကိုကြီးဖြစ်နေသည်။

ကိုကြီးကတကယ်ချစ်စရာလေး အား!!!

အသံတော့မထွက် စိတ်ထဲတွင်သာ အော်နေခြင်း။ သို့သော် ငြိမ်ကာရှက်နေသည့်အထဲ ဆူးဒေဝီမပါ ၊
ခွက်ရှ်မို့ အခွင့်ရှိသလို ၀င်လုံးမှတော်ကာကျမည်။ ကိုကြီးပုံက စော်ကြည်ဘဲကြည်လေးဖြစ်မည့်ပုံပင်။

Love Of My Life [Completed]Where stories live. Discover now