ကူးမန်က ခေါင်းငြိမ့်ကာ နာလည်ပြီဖြစ်ကြောင်း ပြသလိုက်တယ် … ဒိုမင်းက ရပ်တန့်မသွားသေးပဲ ထပ်မံကာဆိုလိုက်တယ် …

" ဒါပေမဲ့ နယ်စပ်တိုက်ပွဲတွေရဲ့ခေါင်းဆောင် အဲလဒ်က ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတဲ့အတွက် နောက်ကွယ်ကလူနဲ့ပတ်သပ်လို့ ဘာသက်သေမှ မရလိုက်ဘူး …  ကျုပ်စိတ်ပူတာက ချန်းကသေသွားပေမဲ့ သူ့လက်အောက်ခံတွေ ထပ်ပြီး ထကြွလာမှာကိုပဲ "

ကူးမန်က မျက်ခုံးကိုင်းညွှန့်လိုက်ပြီး လေးနက်စွာနားထောင်နေတယ် … ဒိုမင်းကလဲ ဒီကိစ္စနဲ့ပတ်သပ်ပြီး သူစိတ်ကူးထားတဲ့ အကြံဉာဏ်အားလုံးကို ပြောပြလိုက်တယ် …

" ကျုပ်စိတ်ကူးမိတာတစ်ခုရှိတယ် … အဲ့ဒါက အထက်ကပေးအပ်တဲ့ နိုင်ငံတစ်ကာကလဲ ထောက်ခံတဲ့ Lion ကို အမှောင်နဲ့အလင်း သံသမန်အဖြစ် ခန့်အပ်ဖို့ပါပဲ … ဒါမှကျန်ရှိနေတဲ့ မြေခွေးတွေ အမီးကုတ်သွားမှာ … Lion ကတရားဝင်ခန့်အပ်ထားတဲ့သူမလို့ အပြစ်ရှိတဲ့ အဖွဲ့တွေကို ရဲဝင့်စွာပြစ်ဒါဏ် ပေးခွင့်ရှိတယ် "

ကူးမန်က သူ့သားအား အနားယူစေချင်ပေမဲ့ ယခုလိုအရှိန်အဝါထောက်ပကာ ရှန်ဟွှာရဲ့ ဂုဏ်ကိုလဲ ထိန်းသိမ်းထားနိုင်တဲ့ အကြံကောင်းကို လက်ခံစေချင်မိလာတယ် …

" ဒါဆို ကျုပ်သားကို ပြောကြည့်ဦးမယ် …  သူလက်ခံရင်တော့ ကျုပ်ဘာမှငြင်းရာမလိုတော့ပါဘူး "

" ကောင်းတယ်ဗျာ … ရှန်ဖန်းဂူရဲ့အရှိန်အဝါက ဘယ်တော့မှ မှေးမှိန်မသွားနိုင်ပါဘူး "

ဖခင် ၂ ယောက်က သဘောတူညီမှု ယူပြီးသွားတော့ မိခင်တွေက ထပ်မံဆွေးနွေးကြပြန်တယ် …

" ဒါဆို … ကျွန်မတို့သားလေးတွေရဲ့ မင်္ဂလာဧည့်ခံပွဲ ဘယ်မှာကျင်းပကြမှာလဲ … သူတို့တရားဝင်လက်ထပ်ပြီးတာကို မြင်ချင်လှပြီ "

" ရှန်ဟွှာအိမ်တော်ပြီးသွားမှ ကျင်းပကြရင်ရော … ဒီအိမ်မှာက နေရာကျဉ်းပြီး လူအများကြီးလဲမဆံ့ဘူး … ရှန်ဟွှာမှာက စိတ်ကြိုက်ပျော်ပါးလို့ရတယ် "

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now