"မင်းဒယ်ဒီကလဲ အဲဗားအလုပ်ဘဲ ဒါနဲ့အန်တီရော နေကောင်းတယ်မလား အိမ်ကအမေကတောင်မေးနေတာ
သူ့သူငယ်ချင်းနဲ့မတွေ့ရတာကြာလို့တဲ့ ငါလဲအန်တီ့ဟင်း
တွေလွမ်းနေတာ"

ဟယ်ချန်းမေမေနဲ့ကျွန်တော့်မေမေကလဲ ကျွန်တော်တို့လို
ငယ်ကတည်းကပေါင်းလာတဲ့သူငယ်ချင်းတွေ။

ကြီးလာမှ အိမ်ထောင်တွေကျအလုပ်တွေလုပ်မှ
နှစ်ယောက်သားအရင်လိုသိပ်မတွေ့ဖြစ်ကြတော့တာ။

ဟယ်ချန်းမေမေကလဲ တကယ်တော်တဲ့မိန်းမတစ်ယောက်
ပါ။လက်ဝတ်ရတနာဆိုင်တစ်ခုဖွင့်ထားပီး အကုန်သူဘဲ
ဦးစီးတယ်လေ။

ဟယ်ချန်းအဖေကတော့ ရှေ့နေ့ပေါ့။ဟယ်ချန်းကသူ့အဖေသွေးကတော့အပြည့်ပါတယ် ရှေ့နေ့အရမ်းဖြစ်ချင်
တာတော့ငယ်ငယ်လေးကတည်းက။

အလုပ်တွေကြောင့်အိမ်မှာသိပ်မရှိတဲ့ အဖေထက်
ဟယ်ချန်းကသူ့အမေကို ပိုကပ်ပိုချွဲတတ်သည်။

သားကိုအရမ်းချစ်တဲ့အမေကလဲ အရမ်းအလိုလိုက်သည်။

ခေတ်မီတဲ့မိန်းမတစ်ယောက်ဖြစ်တာကြောင့်
ခေတ်အလိုက်ဝတ်စားဆင်ယင် ပိပိရိရိနေထိုင် အိမ်မှုကိစ္စအကုန်နိုင်တဲ့မိန်းမတစ်ယောက်လဲဖြစ်သည်။

အာ့ကြောင့် သားဖြစ်သူကယောကျာ်းလေးကိုကြိုက်တာ
တောင် အပြည့်အဝနားလည်ပေးသည်။

ဟယ်ချန်းအမေကအရွယ်တင်တယ်ပြောရမယ် သူ့အရွယ်
ဆိုသူများအမေတွေများအဖွားကြီးတွေကျလို့ အန်တီ
ကတော့ကြီးလေပိုနုလေဘဲ သဘောကလဲအလွန်ကောင်း။

ကျွန်တော့်ကိုဆို သူ့သားလေးတစ်ယောက်လို အရမ်းကြင်
နာသည်။

"ဟေ့ကောင် ဘာတွေတွေးပီးပြုံးနေပြန်ဘီလား မင်းရူး
နေပြန်ဘီလား"

"ဟားဟား မဟုတ်ပါဘူးကွာ ငါလဲအန်တီကိုသတိရလို့ပါ"

"မသိပါဘူး မင်းကမပြုံးစဖူးပြုံးနေလို့"

ခေါင်းခါရင်းသာပြန်ပြုံးပြလိုက်သည်။ဒီကောင်တွေကလေတအားချစ်ဖို့ကောင်းကြတာ။

မျက်နှာကြီးမှိုင်ရင်လဲမှိုင်နေလို့ ပြုံးရင်လဲပြုံးနေလို့
တစ်ယောက်နဲ့တစ်ယောက်အပြစ်ပြောဖို့ လိုက်ချောင်းနေကြတာ။

-DARK BLUE KISS-Where stories live. Discover now