•ဖွင့်ပြောခြင်းတွေမှာ ရက်လွန်တယ်ဆိုတာ ရှိသလား•
"စီနီယာ ဆောင်းဟာ စီနီယာရော"
"နင်တို့ကဘာလို့ တစ်ယောက်ပျောက်တိုင်း ငါ့ဘဲ လာမေးနေကြတာလဲ။နောက်တစ်ခါဆို gps တပ်ထားကြ"
ဇာတ်လမ်းတွဲ ကြည့်နေတုန်း စီနီယာ ဆောင်းဟာကို မထိသင့်မှန်း ဆူးလ်ဂီ ပညာရလိုက်သည်။
အာ စီနီယာ တကယ် ဘယ်မှာ ပါလိမ့်။
ဖုန်းခေါ်ကြည့်တော့ နှစ်ခေါက်လောက် ခေါ်ပြီးမှကိုင်လာသည်။
"စီနီယာ ဘယ်မှာလဲ"
"အပြင်မှာ"
"နေ့လည်စာ စားပြီးပြီလား ညီမနဲ့ အတူစားရအောင်"
"ငါစားပြီးသွားပြီဆူးလ်ဂီ ချိန်းထားတာရှိလို့ အရေးမကြီးရင် ဖုန်းချလိုက်တော့မယ်"
ဆူးလ်ဂီ ပြန်အပြောကိုပင်မစောင့် ဖုန်းချသွားသည်။
"ဘယ်သူနဲ့တွေ့နေလို့ အဲ့လောက် ဖုန်းချချင်နေရတာလဲ"
-
သဘောကျတဲ့ series ရဲ့ season တစ်ခုလုံးပြီးသွားတော့မှ အိပ်ယာပေါ်က ထကာ အကြောဆန့်မိသည်။
"ဗိုက်ဆာတယ် တစ်ခုခုစားရအောင်"
ဘယ်သူ့ကိုမှ ဦးတည်ပြောနေခြင်းမျိုးမဟုတ်ဘဲ ကိုယ့်ကိုကိုယ် ပြောနေခြင်းဖြစ်သည်။
အောက်ထပ် ဆင်းလာတော့ ထမင်းစားပွဲမှာ စီနီယာရှိနေသည်။အဲ့တာထက် သူ့ရှေ့မှာ အငွေ့တထောင်းထောင်းထနေတဲ့ ခေါက်ဆွဲပြုတ်အိုး။"ဟား ကွက်တိဘဲ ဗိုက်ဆာနေလို့ ဆင်းလာတာ တကယ်ကို အချိန်ကိုက်ဘဲ"
ခေါ်ဆွဲပြုတ်ကြောင့်လားမသိ လူကမြောက်ကြွမြောက်ကြွနဲ့ တူတစ်ချောင်းကို ယူပြီး မျက်နှာချင်းဆိုင်ခုံတွေ၀င်ထိုင်လိုက်သည်။
"ငါတစ်ထုပ်တည်း ပြုတ်ထားတာ လောက်ရဲ့လား အသစ်ထပ်ပြုတ်ပေးမယ်"
"ရတယ် ရတယ် စီနီယာနဲ့တူတူဘဲ စားမယ်"
အိုးအဖုံးကို အောက်ကခံကာ ခေါက်ဆွဲဖက်တွေကို တူနဲ့ညှပ်နေရင်း
"စီနီယာ မနက်ဖြန် --အာ ခဏ ဖုန်းလာနေလို့"
စကားကိုရပ်ပြီး ဖုန်းကောက်ကိုင်လိုက်သည်။
YOU ARE READING
Memorable Moments From A Blank➪
Fanfictionဘယ်တော့မှ ထပ်မဖွင့်ဟဖြစ်တော့မယ့် ၀န်ခံချက်တွေ