Part(9)

5.1K 437 33
                                    

Unicode

"အဟမ်း ၊ အလွှမ်းရောင် ငါမင်းကိုရှင်းရှင်းလင်းလင်းဖြစ်အောင် တခါထဲပြောထားမယ် "

"မင်းကိုငါမတော်တဆ မရည်ရွယ်ပဲ ကျူးလွန်မိခဲ့တဲ့အတွက် မိကောင်းဖသားပီပီ လက်ထပ်ထားပေးပြီးပြီနော် ။ ဒါပေမဲ့ မင်းနဲ့ငါ တခုတင်ထဲတော့မအိပ်နိုင်ဘူး"

ခါးလေးထောက်လို့ နှုတ်ခမ်းတထော်ထော်နဲ့ပြောနေတဲ့ ကိုကို‌ငတုံးလေးကို အလွှမ်းရောင်က တော်တော်အသည်းယားနေပြီဖြစ်သည်။

"သိပါပြီ ကိုကိုရဲ့ ၊ ကျွန်တော်က ခုတင်အောက်မှာပဲ အိပ်ပါ့မယ် "

အလွှမ်းရောင်က သူ့ခေါင်းဦး သူပိုက်လို့ ကုတင်ဘေးမှာ ဖျာခင်းလိုက်သည်။ စောင်ပါးလေးတထည်ထုတ်လိုက်ပြီး သူ့အိပ်ရာသူပြင်နေတော့သည်။ တခွန်းထဲနှင့်ပြောလို့အဆင်ပြေမည် မထင်ခဲ့သည့် စိုင်းနေမှာသာ အိုးတိုးအမ်းတမ်းဖြင့် အလွှမ်းရောင်လုပ်သမျှရပ်ကြည့်နေရသည်။ ဖျာက တယောက်အိပ်ဖြစ်တဲ့အပြင်  သူ့အရပ်ကြီးနှင့်ကွေးကွေးလေး အိပ်နေရတာကြောင့် လွှမ်းရဲ့ခြေထောက်ရှည်ရှည်တွေက ဖျာအပြင်ကိုထွက်နေသည်။

အခင်းမပါ ဘာမပါနဲ့ ဒီကောင် ကျောတွေမနာတတ်ဘူးလား....

စိုင်းနေက တုံ့ဆိုင်းကာကြည့်နေပေမဲ့ သူ့ကုတင်ပေါ်တော့ ဒီကောင့်ကိုခေါ်မအိပ်နိုင်ပါ။ အခန်းက နှစ်ယောက်အိပ်ခန်း အသစ်ပြင်ဆင်ပေးထားတာကြောင့် ကုတင်ကတော်တော်ကျယ်ပါသည်။ မနေနိုင်တဲ့အဆုံး အပြင်ကိုထွက်ကာ စောင်ထူတထည် စတိုခန်းကသယ်လာခဲ့လိုက်သည်။

"ရော့ အောက်မှာဒါခင်းအိပ် ၊ ကြမ်းပြင်က အေးတယ်"

"ဟုတ် ကိုကို "

ရေချိုးညဝတ်လဲပြီးတာနှင့် သူလဲ အိပ်ရာပေါ်လဲအိပ်လိုက်သည်။ညအိပ်မီးလေး ခပ်မှိန်မှိန်က အခန်းထဲလင်းနေသည်။  ခုတင်ပေါ်ကကောင်လေးရော ၊ အောက်ကကောင်လေးပါ နှစ်ယောက်သားအိပ်မပျော်နိုင်ကြပါ။

"ကိုကို ..."

"ဘာလဲ "

"အိပ်ပြီလား "

"မအိပ်သေးလို့ စကားပြန်ပြောတာပေါ့ကွ "

"ဒီနေ့က ကျွန်တော်တို့ရဲ့ မင်္ဂလာဦးညနော်..."

Let Me Hug You (Completed)Where stories live. Discover now