"ဘာပြောမလို့လဲ ပြောလေ "

"မင်း ရန်ကုန်မှာပဲ ရှိအုံးမှာမလား "

"အင်း ဘာလို့လဲ "

"ငါ Guide လုပ်နေတဲ့ ကောင်လေးရဲ့ သူငယ်ချင်းက ဂိုက်လိုချင်လိုတဲ့ ငါ့ကိုပြောထားတယ် "

"ဟုတ်လား အဲ့တာဘာဖြစ်လဲ "

"မင်းလုပ်မလား "

"ဟားဟား "

သော်မှူးဟန်ကတော့ ပေါက်ကရပြောပြီ ။
သော်မှူးဟန်က ဟိုးအရင်တည်းက စာတော်ပြီး သူ့အဒေါ်ရဲ့ ကလေးတွေကိုလည်း စာပြဖူးသူဖြစ်တာကြောင့် ဒီလိုကိစ္စတွေက သူ့အတွက် ဘာမှမခက်ခဲပေ ။ ညိမ်ကတော့မဟုတ် ၊ စာတော်လည်း စာပြလို့ရတာမှမဟုတ်တာ ၊ ဒါကြောင့် လာမေးသည်ကို ကျေးဇူးတင်ရမလိုဖြစ်နေသည်။ မိုးသန့်ညိမ် လက်ကိုအသာခါပြလိုက်ရင်း....

"တော်ပါပြီ မလုပ်ချင်ပါဘူး "

သော်မှူးဟန်က လက်မလျှော့သေး ၊ ဆက်ပြောသည်။

"လုပ်ပါကွာ မင်းကလည်း ဆယ်တန်းလည်းမဟုတ်ဘဲ "

"ဘာပဲဖြစ်ဖြစ်လေ မလုပ်ချင်ပါဘူးကွာ "

မိုးသန့်က စိတ်ရှည်ပြီး အနေအေးသူမို့ သော်မှူး မိုးသန့်ကိုသာ လုပ်စေချင်သည် ၊ဒါမှသာ သူမျက်နှာမပျက်ရမှာဖြစ်သည်။ တန်ကူးရဲ့ အဖွားကိုယ်တိုင်က မနေ့က လူရှိလျှင် ခေါ်ပေးဖို့ပြောထားတာကြောင့် သော်မှူးခေါ်နေရခြင်း။ ကိုးတန်းကျောင်းသူတစ်ယောက်မို့ တွေ့သမျှလူမခေါ်ချင်ဟု ဆိုသည်။ ဒါ့ကြောင့် အနေအေးပြီး မိန်းကလေးများကို ခပ်ခွာခွာရှိတာကြောင့် မိုးသန့်သာ ထိုနေရာအတွက်အသင့်အတော်ဆုံးဖြစ်သည်ဟု သူထင်သည်။

"ယတိပြတ်ကြီးတော့ မငြင်းပါနဲ့ကွာ ၊ စဉ်းစားပါအုံး ၊ Uni မတက်ခင် အပို၀င်ငွေလေးဘာလေးရတာပေါ့ "

သော်မှူးစကားက ထိရောက်ပုံရသည်။ မိုးသန့်ညိမ် တွေသွားသည်။

"ဒါဆိုလည်း စဉ်းစားဦးမယ် "

"ကျေးဇူးပါကွာ "

"ဟိုးထား အာမမခံဘူးနော် "

"အေးပါ "

ယောင်္ကျားလေးများမို့ စကားများကဆက်ကာ ဟိုဟိုဒီဒီ ရောက်ရာပေါက်ရာပြောဖြစ်ကြ၏။

Love Of My Life [Completed]Where stories live. Discover now