သူတို့ထံလှည့်ကြည့်လိုက်တော့ ရန်အာရဲ့လက်တွေက ရှုမန်းလက်တွေကို တင်းနေအောင်ကိုင်ထားလျှက်ပင် မှေးစက်နေတယ် ... ပိုင်သခင်ကြီးထွက်သွားတော့ ဂိုဝူးလဲ ရန်အာနားလျှောက်လာခဲ့ကာ သက်ပြင်းဖွဖွချလိုက်ပြီး ...

" ဘာမှစိတ်မပူနဲ့တော့ ... ဆေးဖော်စပ်ပြီးရင် ရှုမန်းလဲ အရှင်းပျောက်သွားလိမ့်မယ် ... သူ့ရဲ့ကိုယ်တွင်းရောဂါပျောက်ရင် သူအရင်လိုသန်မာတဲ့လူတစ်ယောက် ပြန်ဖြစ်လာမှာပါ ... သူ့ရဲ့ကိုယ်က ကြီးကြီးမားမားထိခိုက်မှုမရှိဘူး ... မင်းအနားယူပြီး သူကျန်းမာလာတာကို စောင့်ကြည့်နေရမယ် "

ရန်အာက ခေါင်းအား ညှင်သာစွာ ငြိမ့်ပြလိုက်တယ် ... ထိုချိန်ကနေစပြီး သူ့ကိုယ်သူလဲ အားမလျော့သလို ရှုမန်းကိုလဲ အရိပ်တကြည့်ကြည့်ဖြင့် စောင့်လျှောက်နေလေတော့တယ် ...

တစ်ပတ်ခန့်ကြာပြီးနောက် …

ပန်းခြံအနားက လမ်းချိုးလေးမှာ အနက်ရောင်ဝတ်စုံပြည့်နဲ့လူတွေရပ်နေကြပြီး မီဒီယာသမားတွေကို တားစီးထားတယ် … ထိုလူများက ဖန်းဂူရဲ့ လူယုံတော်များဖြစ်ကြပြီး အတင်းသတင်းရယူဖို့ကြိုးစားနေသူတွေကို လမ်းပိတ်ထားခြင်းပင် … သာမန်ရပ်ကွက်လေးမှာ ရှန်ဟွှာမိသားစုဝင်တွေ နေထိုင်နေတဲ့အတွက် အစောင့်အရှောက်အပြည့်အဝ ချထားခြင်းပင် …

ယခုလက်တလော ခေတ်ထနေတဲ့ သတင်းအကြောင်းအရာတွေက အမှောင်အလင်းတိုက်ပွဲကို ရပ်တန့်နိုင်ခဲ့သူဟာ Lion ဟုလူသိများတဲ့ တောဘုရင် ရှန်ဖန်းဂူဖြစ်ကြောင်း ၊  လွန်ခဲ့သောနှစ်များစွာက မဖော်ထုတ်နိုင်တဲ့အမှုတွေရဲ့တရားခံကို ဖမ်းမိကာ ထိုလူက အစိုးရခန့်အပ်ထားတဲ့ သုတေသနပညာရှင် ဖြစ်ကြောင်းနဲ့ လွန်ခဲ့တဲ့ အနှစ် ၂၀ ခန့်က ပျောက်ဆုံးသွားတဲ့ သိပ္ပံပညာရှင်က ပြန်လည်ရှင်သန်လာခဲ့ပြီး အမှုမှန်ကိုဖော်ထုတ်ကာ ရှန်ဟွှာအပေါ်မှားယွင်းစွတ်ဆွဲချက်တွေကို ထုတ်ဖော်ခဲ့ကြောင်း စသည့်အကြောင်းအရာတွေက သတင်းစာရဲ့ ခေါင်းကြီးပိုင်းမှာ ပါဝင်နေကာ လူသိများလာကြတယ် …

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now