C⃠H⃠A⃠P⃠T⃠E⃠R⃠-3

184 27 1
                                    

Unicode~

ညသန်းခေါင်အချိန်မှာ အသံတစ်သံကြားတာကြောင့် အအိပ်ဆတ်တဲ့ ရွန် ဟာ ချက်ချင်းနိုးလာခဲ့တယ်~စူးစမ်းလိုစိတ်နဲ့ အတူ အောက်ထပ်ကို ဆင်းသွားတော့ တစ်ယောက်တည်း ပွစိပွစိပြောကာ တစ်ခုခုကိုလိုက်ရှာနေတဲ့ ဟယ်ရီ~သူပြောနေတာက~

"နမော်နမဲ့နဲ့ငါ အခုရက်ပိုင်းဘာတွေ ဖြစ်နေမှန်းကိုမသိဘူး တော်ကြာ ကိုကို နိုးသွားပြီး အိပ်ရေးပျက်နေအုံးမယ်"

သူကျတော့ ညနက်ကြီးအထိ ဘာလုပ်နေမှန်းမသိဘူး~သူ့ကို မြင်တော့ အံ့ဩသွားဟန်နဲ့ မျက်လုံးတွေဝိုင်းစက်သွားတယ်~

"ကိုကို နိုးသွားတာလား ကျတော်တောင်းပန်ပါတယ်နော်~"

"တောင်းပန်ရမှန်းတော့ သိသားပဲ ဒီအချိန်ထိ မအိပ်ဘဲနေရအောင် ဘယ်လင်ငယ်နဲ့ တွေ့ဖို့ချိန်းနေတာလဲ~"

နားဝင်မကောင်းတဲ့ စကားတွေပဲ ပြောလာပြန်တဲ့ ကိုကို~

"မဟုတ်ပါဘူး ကိုကိုရယ် တကယ်တောင်းပန်ပါတယ်နော်~"

ရွန်လည်း ဘာမှပြန်မပြောဘဲ ပြန်ထွက်သွားတယ်~

ကိုကိုထွက်သွားပြီးတော့မှ ကိုယ့်ကိုကိုယ်အပြစ်တင်လို့မဆုံး~အခုရက်ပိုင်း မျက်လုံးက ဘာဖြစ်တာလဲမသိ တစ်ချက်တစ်ချက်မျက်ရိုးတွေကိုက်လာတတ်ပြီး ဝါး ဝါးလာတယ်~ထိုအချိန် ကိုကိုနိုးမှာစိုး၍ Vibrate လုပ်ထားတဲ့ ဖုန်းလေးက တုန်ခါလာတယ်~
အဲ့တာနဲ့ သူလည်း ဖုန်းကိုင်လိုက်တယ်~

"ဟယ်လို~"

"သခင်လေး ဒီညလည်း မအိပ်သေးပြန်ဘူးလား~"

"သိပြီးသားကိုမေးမနေနဲ့~"

"သခင်လေး အခုလိုကြပ်ကြပ်လုပ်သိလား ကျန်းမာရေးထိခိုက်လိမ့်မယ်ဗျ~"

"မင်းကလေ ငါ့အမေကျနေတာပဲ ပွစိပွစိနဲ့~"

"သခင်လေး ကျတော်အကောင်းပြောနေတာ~!"

"အင်းပါ အနည်းဆုံးတော့ မင်းက ငါ့ကို ဘယ်အခြေအနေမှာမှ တစ်ယောက်တည်းမထားခဲ့ဘူးလေ"

"သခင်လေး~"

"ကယ် ထားပါ ဘာကိစ္စလဲ"

"သခင်လေး အိပ်လိုက်ပါတော့ဗျာ စာရင်းတွေကို ကျတော်လုပ်ပေးပါ့မယ်~"

M⃠I⃠N⃠E⃠!Where stories live. Discover now