10 years of love ♥ 7 ( Zawgyi )

245 17 17
                                    

" ဖေ့ ... ချီ "

သူ့ကိုတွေ့တာနဲ့ကော့ထိုးကာချီခိုင်းဖို့
လက်ဆန့်တန်းပေးသောသမီးငယ်

"သမီးရေ ဖေဖေကပင်ပန်းလာပြီလေ
မချီခိုင်းရဘူး... "

" သမီးလေးခဏစောင့်
ဖေဖေလက်အရင်ဆေးလိုက်အုံးမယ်
ပြီးတာနဲ့သမီးကိုချီမယ်.. "

ဆယ်ဟွန်း အပေါ်ထပ်ဝတ်ထားသောရှပ်လက်ရှည်ကို
ချွတ်ကာလက်ကိုသန့်စင်နေအောင်ဆေးလိုက်သည်။
ခြံထဲကပြန်လာသူမို့ကိုယ်လက်သန့်စင်အောင်
အရင်ဆေးကြောရသည်။ပြီးမှသမီးငယ်ကိုချီပိုးရမည်။

ညနေခင်းထမင်းဝိုင်းလေးကလူစုံကာ
အသံတွေနဲ့အသက်ဝင်လို့နေသည်။
လူကြီးတွေနဲ့အတူစကားပြောခါစသမီးငယ်သည်လည်း
ထမင်းဝိုင်းဘေးသူ့ရဲ့လှည်းလေးထဲဝယ်မအေခွံပေးသော
ထမင်းကိုစားရင်းသဘောတကျကျဖြစ်လို့နေသည်။

" ယွန်းအာစားတော့၊သမီးကို
အကိုခွံကျွေးလိုက်မယ် "

သူမလက်ထဲကသမီးငယ်အတွက်ထမင်းပန်းကန်လုံးလေးကိုယူကာခွံဖို့ပြင်လိုက်သည်။မအေလုပ်သူထက်သူနဲ့ဆိုပိုတွယ်ကပ်သောသမီးငယ်ကခွံကျွေးသူပြောင်းသွားတော့သွားကျိုးလေးတွေအပေါ်သားရယ်ပြရော။

ထမင်းစားကြပြီးတော့ဧည့်ခန်းထဲက TV ရှေ့ဝယ်လူစုံကြသည်။ဆယ်ဟွန်းကတော့သမီးငယ်ကိုပွေ့ချီလာပြီးသူနဲ့
အတူထိုင်စေသည်။
လူကြီးတွေကည ၈ နာရီလာမည့်ကြည့်လက်စ Series
ကိုစောင့်နေရင်းဟိုဒီစကားစမြည်ပြောနေကြသည်။

သမီးငယ်နဲ့ဆော့မြူနေရင်း TV ဆီကအသံ
ကြောင့်ဆယ်ဟွန်းမော့ကြည့်လိုက်သည်။
သီချင်းထဲဝယ်သူနှစ်မြောစီးဝင်သွားရသည်။
အဆိုရှင်ရဲ့အသံကားသူ့စိတ်အာရုံကိုဖမ်းစားလိုက်သလို
ထိုသူရဲ့ပြုံးဝင့်ဟန်အမူအရာက
မြင်ဖူးနေသလိုလို။ကြည့်နေရင်းဆယ်ဟွန်း
ရင်ဘတ်ကိုဆုပ်ဆွဲခံလိုက်ရသလိုအသက်ရှုမဝတော့။
မျက်လုံးစုံမှိတ်ထားလိုက်ချိန်
ဝိုးတဝါးမြင်ယောင်လာသောပုံရိပ်အချို့က
ခေါင်းကိုထုနှက်သလိုခံစားရသည်။

10 years of love ( 세찬 ) Where stories live. Discover now