ဟုတ်သည်။ ယွီရန်က ရှဲ့လီဖုန်းကို မွေးနေမတိုင်ခင် တစ်ပတ်အလိုက ဖွင့်ပြောထားခဲ့တာဖြစ်သည်။ ထိုစဉ်က ရှဲ့လီဖုန်းက မငြင်းသလို လက်ခံတာလည်းမဟုတ်ခဲ့ပေ။

သူငယ်ချင်း သံယောဇဉ်ကိုထောက်၍ သူမအား စဉ်းစားကြည့်ပေးမယ် ဟု ပြောခဲ့လိုက်သည်။ ယခု သူက အဖြေကို သိသွားခဲ့ပြီ ။ သူချစ်နေတာ ယွီယွမ် ဖြစ်သည်။

မင်္ဂလာပွဲမှာ စတင်ပြီး သူ ယွီယွမ်ကို သဘောကျမှန်း သိခဲ့ရသည်။ မွေးနေ့ပွဲညတုန်းက သူ့အား ယွီရန်က ဆေးခတ်ထားတဲ့ဝိုင်ကို လာတိုက်မှန်းသိပေမယ့် သူသောက်ခဲ့သည်။ ယွီယွမ်ကို သူ သိမ်းပိုက်မိခဲ့တာ တကယ်ပင်မရည်ရွယ်ဘဲဖြစ်သွားခဲ့တာဖြစ်သည်။

ဒါပေမယ့် အခုတော့ ယွီယွမ်ကို သူအနေနဲ့ အမှန်တကယ်ပင် သိမ်းပိုက်ချင်သည်။

ယွီယွမ်က သူ့တစ်ယောက်တည်းရဲ့အပိုင်။
အဲ့လိုပဲ ယွီယွမ်ကလည်း သူ့တစ်ယောက်တည်းကိုပဲ ကြည့်ရမယ် ။
ယွီယွမ်ရဲ့အသွေးအသားခန္ဓာကိုယ် ဘဝ အရာအားလုံးကိုလည်း သူ့အပေါ်မှာ ပုံအပ်ပေးရမယ် ။

အတွေးတွေလွန်နေသည်မို့ ဘေးက မိန်းကလေးကိုပင် သူမေ့လျော့ကာ အားကစားခန်းမထဲကနေ နတ်ဆိုးတစ်ပါးကဲ့သို့ ကျောချမ်းစရာ အပြုံးကို ပြုံးလျက် ထွက်လာခဲ့သည် ။

အားကစားခန်းမထဲက တစ်ယောက်သောသူကလည်း နူတ်ခမ်းကို ပြတ်ထွက်မတတ်ကိုက်ကာ အသံတိတ်ငိုကျွေးနေခဲ့သည်။

သူမကျမှ ဘာလို့ ကံဆိုးနေရတာလဲ
ဘာကြောင့် လူတိုင်းက ယွီယွမ်ကိုပဲ ချစ်နေကြတာလဲ ။ သူမကျတော့ရော သူမက စာလည်းကြိုးစားတယ် လိမ္မာတယ်လေ ဒါပေမယ့် ရှဲ့လီဖုန်း နဲ့ ပတ်သတ်လာရင်ဆိုးတတ်တယ် အဲ့ဒါကလည်း အရမ်းချစ်လို့ သူများဆီ ပါ သွားမှာ စိုးရိမ်လို့ပါ ...

သူမရဲ့ ငိုသံတွေကို ဘယ်သူမှ ကြားလိမ့်မည်မဟုတ် ။

...................

"ယွီယွမ် ''

ရှောင်းကျန့် သက်ပြင်းချလိုက်သည် ။ အခုတလော ရှဲ့လီဖုန်းကို သူမမြင်ချင်ယောင်ဆောင်ကာ စိတ်ကောက်နေတာဖြစ်သည်။ ဘာကြောင့်မှန်းမသိ ရှဲ့လီဖုန်းက  လာချော့တာကို သူ့အနေနဲ့ မညာတမ်းဝန်ခံရမည်ဆိုလျှင် သူ သဘောကျနေသည် ။ သူ့အထင် ဒါက သူ့ချစ်သူ ပဲ ။

Peculiarly System [Completed ]Where stories live. Discover now