အပိုင်း (25)

Start from the beginning
                                    

ဘုမသိဘမသိ ဂိုလျော အဖွဲ့ နဲ့ ပါးရှား အဖွဲ့ က ညီလာခံ ထဲ မဝင်ခင် မျက်နှာကို ပုဝါ အဖြူနဲ့ စည်းပြီးမှ ဝင်ခွင့်ရ ကြတယ်။ သူတို့လည်း အထဲ ကိုဝင်သွားရော ဧကရာဇ် လေးက လွဲရင် ကျန်တဲ့ အမတ်တွေ က မျက်နှာကို ပုဝါနဲ့ စည်း ထားတာကို တွေ့လိုက်ရတယ်။

သူတို့ ထင်တာက ဧကရာဇ် လေးက အဖျားရောဂါ ရှိနေတယ်လို့ ထင်နေပေမယ့် ဧကရာဇ်လေးက ဖျားနာနေဟန် မပေါ်တဲ့ အပြင် ဝနေတဲ့ ပုံပါ ပေါ်လေတော့ သူတို့ စဥ်စား ရ ကြပ်သွား ပြန်တယ်။ ထိုချိန်မှာ ပဲ ဧကရာဇ် လေးက သူ့ရဲ့ ဝနေတဲ့ ဗိုက်လေး ကို ပွတ်ကာ ပြောလိုက်တယ် ။

" ကျန်း က မင်းတို့တွေ ရဲ့ ချစ်ကြည် ရင်းနှီး မှုကို လက်ခံ ချင်ပေမယ့် ကျန်းက မင်းသမီးတွေ ကိုတော့ လက်မဆက် ချင်ဘူး။ ကျန်းမှာ နဂါးသားတော်လေး ကို လွယ်ထား ရတာမို့ ကျန်း ဧကရီ က လွဲရင် ဘယ်သူ့ကို မှ ထိဖို့ အစီအစဥ် မရှိတာကြောင့် သံတမန် အမတ်တွေ အနေနဲ့ တစ်ခြားလက်ဆောင်တွေ ကိုပဲ ဖလှယ်ဖို့ ကျန်းမျှော်လင့်မိတယ်..''

သူတို့က ဧကရာဇ် ရဲ့ စကားကို မပယ်ရှား ရဲပါဘူး။ ဘာလို့လဲ ဆို​တော့ လွန်ခဲ့တဲ့ ၂ လ ကတည်း က ဧကရီ ဟာ ဓားနဲ့ ထောက်ထား ပြီးသား ဖြစ်တာမို့ ပဲ ဖြစ်တယ်။ သံအမတ်တွေ က သဘောတူပေမယ့် မင်းသမီး ၂ ပါး ကတော့ မကျေနပ်လေဘူး။ သူတို့ဟာ မိခင် တိုင်းပြည်မှာဆို အလှဆုံး မိန်းကလေးတွေ ဖြစ်တာ မို့ မာန ထားလေတယ်။

ပါးရှားမင်းသမီး က စကားကို လှည့်ပတ်ပြော တက်ပေမယ့် ဂိုလျော မင်းသမီး ကတော့ စကား ကို တည့်တိုးပြောတက်လေတယ်။ ဒါကြောင့် သူမတို့ကို မလိုချင်ဘူး လို့ ပြောလိုက်တဲ့ အခါ အရင်ဆုံး ရှုးရှုးရှားရှား ဖြစ်သွားတာက ဂိုလျော မင်းသမီးပဲ ဖြစ်တယ်။ သူမတွေး တာက အခု မျက်နှာကို ပုဝါ နဲ့အုပ်ထား လို့သာ သူမတို့ကို မကြိုက်ဘူး လို့ ထင်နေခဲ့တယ်။ ဒါကြောင့် သူမ မျက်နှာမှာ အုပ်ထား တဲ့ ပုဝါ ကို ဆွဲ ချွတ်ပြီး စောဒက တက်လေတယ်။

" အရှင် ဧကရာဇ် ရှင့်.....ကျွန်တော်မျိုးမ တို့ကို အဘယ့်ကြောင့် ငြင်းဆန်နေရ တာပါလဲ....အရှင့်မှာ ကိုယ်ဝန်ဆောင် နေရတယ် ဆိုတာ တော့ မယုံပေါင်.... အရှင် က ကျွန်မ တို့ကို သက်သက် အရှက်ခွဲ တာပဲ... ''

COMPLETE  ဧကရီကို ကိုယ်တော် မုန်းတယ် (Own Creation)Where stories live. Discover now