Ending

3.1K 153 1
                                    

ကိုကိုနဲ့ ​ပေါင်ပေ့ တို့ရဲ့ အချော့ခန်းကြီးဟာ တစ်နာရီအကြာလောက်မှာ ပြီးဆုံးသွားခဲ့ပါတယ်။ ရုပ်ရှင်ရုံရောက်တော့ ဝယ်ထားတဲ့ လက်မှတ်ရဲ့ ဇာတ်ကားက အချိန်လွန်လို့ မမှီသွားခဲ့ပြန်ပါဘူး။ ဒီတော့ အရို ဇာတ်လမ်းမဖြစ်​နေခဲ့ ဘဲ နောက်တစ်ကားဖြစ်တဲ့ Horror ကားတစ်ကားကို ဘဲ ကြည့်လိုက်ရပါသည်တဲ့။

"ကိုကို ဘာကားတွေရွေးထားတာလဲ အားး"

ဇာတ်ကားတစ်ကားလုံး ပြနေတဲ့ အချိန်မှာ ဝမ်ရိပေါ်က ရှောင်းကျန့်ရဲ့ ရင်ခွင်ထဲမှာဘဲ တချိန်လုံး နေလိုက်ရပါသတဲ့။

"ဟင့် ဟင့် အဲ့ဒါ ကိုကို့ကြောင့် သရဲကားကြည့်ရတာ..နောက်ကျသွားရတာ."

ခုံတန်းပေါ်မှာ တရှုံ့ရှုံ့နဲ့ ထိုင်ငိုနေတဲ့ ရိပေါ်ကို ရှောင်းကျန့်ရဲ့ အချော့ခန်းနဲ့ ပြန်စတင်ပါတယ်။

"ပေါင်ပေ့ရား.. ပေါင်ပေ့ ရစ်နေတာကိုး."

"မဟုတ်ဘူး အဲ့ဒါ ကိုကိုက မြန်မြန်ချော့ရမှာလေ ပြန်ပြော ဘယ်သူမှားလဲလို့..."

"ကိုကိုမှားတာပါ ပေါင်ပေ့ရား စိတ်မဆိုးနဲ့တော့နော်"

"ဟွန့် ဘာနဲ့ ပြန်ချော့မှာလဲ ပြော"

" ပြွစ် ပြွစ်..ရပြီးလား."

" မရဘူးလေ အဲ့ဒါ အသားယူတာကြီး သွားလူလိမ်.."

"အဲ့ဆို ဒီည.."

"တော်! သွားမယ် လာတော့ လို့.."

"ဒီညလေ.."

"ကိုကိုတော်တော့လိူ့! "

ရှောင်းကျန့်ပါးစပ်ကို ဝမ်ရိပေါ်က အရှက်သည်းစွာ သူ့လက်ဖြူဖြူလေးတွေနဲ့ လိုက်အုပ်တယ်။

" ဒီဟာစားမယ် "

ဟော့ပေါ့ဆိုင်မှာ ဝမ်ရိပေါ်က သူလိုချင်တာ ရှောင်းကျန့်ကို ထည့်ခိုင်းနေတယ်။

" စပ်မယ် သိပ်မစားနဲ့."

"စားပြီးရင် ဆေးသောက်ပေါ့ အေးဆေးဘဲကို.."

"ပေါင်ပေ့ စကားနားထောင်နော် စပ်ရင် ဗိုက်အောင့်မယ်ဆို."

"ဟင့်အွင်း နည်းနည်းလေးဘဲချားမှာကို "

စားစရာတွေငုံထားတဲ့ ပါးဖောင်းဖောင်းနဲ့ ဝမ်ရိပေါ်က မပီတပီ ပြောတယ်။

Done for life(Completed) जहाँ कहानियाँ रहती हैं। अभी खोजें