Done For life

2.6K 177 2
                                    

"အာ့ နာလိုက်တာ."

ရိပေါ် မနက်နိုးလာတော့ ဘာမှန်းမသိတဲ့ အခန်းကြီးကြီးတစ်ခုထိရောက်နေသည်။

"ဒီမှာ အမူးပြေ ဟင်းရည်.."

စားပွဲပေါ်သို့ လာချသည့်အသံကြောင့် ရိပေါ်လန့်သွားသည်။ ဒါ ဒါ က ရှောင်းကျန့် ။ ညက ဘာတွေဖြစ်သွားခဲ့တာလဲ.။ စဉ်းစားနေတုန်းနောက်က ရှောင်းကျန့်က သူ့ ကုတင်ရဲ့ အရှေ့ဘက်ခြမ်းကို လျှောက်လာသည်။ (ရိပေါ်က ရှောင်းကျန့်ဘက်ခြမ်းကို ကျောပေးထားတဲ့ ပုံစံမျိုးပါ..)

" နိုးပြီးလား..ပေါင်ပေ့"

အိပ်ရာပေါ်မှာ ထိုင်နေသည့်ရိပေါ်ပါးကို ရှောင်းကျန့်က အုပ်ကိုင်သည်။

"ဖယ်.."

ရိပေါ်က ဖြတ်ကနဲ ရိုက်ချလိုက်သည်။

"ပေါင်ပေ့ ကိုယ့်ကို စိတ်ကောက်နေတာလား "

"ကောက်ရအောင် ကျွန်တော်က မိန်းမမဟုတ်ဘူး သဘောပေါက် ရွှေ့ကိုယ့်ဘာသာဆင်းမယ် "

"နိုင်လို့လား ကိုယ်ချီပေးမယ်လေ."

"ဖယ်လို့ "

ရိပေါ်က ကုတင်ပေါ်ကဆင်းပြီး ကွတကွတ နဲ့ ရေချိုးခန်းထဲကို လျှောက်တယ်။

"အား နာလိုက်တာ.."

"အဘိူးကြီး က ဘယ်လိုတောင် လုပ်ထားမှန်းမသိဘူးကျစ်ကျစ်.."

ဝမ်ရိပေါ်လျှောက်ရင်း ရှောင်းကျန့်ကို ကျိန်ဆဲလိုက်တယ်။ နောက်က ရှောင်းကျန့်ကတော့ ပြုံးပြုံးကြီးကြည့်လို့။

______________________________________

" မနက်စာစားမယ် "

"မစားတော့ဘူး အိမ်ပြန်မယ်."

"ဒါဆို ညက အကြောင်း အိမ်ကို ပြောလိုက်မယ် လာစား.."

"ဟွန့်.."

ရိပေါ်က မစားချင်စားချင်နဲ့ စားပွဲမှာ ထိုင်လိုက်ရတယ်။

မနက်စာက ကြ က် ဉ ပေါင်မုန့်ကြော်ရယ်။ နိုးတစ်ခွက်ရယ်ကို ကြည့်ပြီး ရိပေါ် နှာမှုတ်လိုက်သည်။ ချမ်းသာသလောက် ကပ်စေးနှဲတဲ့ အဘိူးကြီး။

"စားလေ.."

"အွန် အင်းအင်း.."

မစားချင်စားချင်နဲ့ဘဲ စားလိုက်ရပြီး မနက်စာစားခြင်းလူပ်ငန်းကတော့ ပြီးဆုံးသွားတယ်။

Done for life(Completed) Where stories live. Discover now