နန်းယဥ်ခမ်းအားချစ်သနားလှည့်ပါ24

5K 576 15
                                    

ယနေ့ ဂျော်နသန်မိုးချုပ်မှအိမ်ပြန်လာပြီး ရိုစီအားအိမ်သို့ခေါ်လာ၏။

"ရိုစီဒီမှာခဏထိုင်နေအုံး"

ရိုစီအား အိမ်ရှေ့ခန်းကုလားထိုင်ပေါ်တွင်ထားခဲ့ပြီး အပေါထပ်သို့တက်သွားလိုက်၏။

"ဟန်နီ အိပ်နေပြီလား"

"မအိပ်သေးပါဘူးကိုဂျော်နသန် ဘာလဲ ကိုဂျော်နသန်ရဲ့ အငယ်လေးကို ဒီအခန်းထဲခေါ်လာအုံးမလို့လား"

"လျှောက်မပြောနဲ့ ဟန်နီ ကိုယ့်ကားပျက်သွားလို့"

"ကားပျက်သွားလို့အိမ်ခေါ်လာတာပေါ့"

"မိန်းမလေးတစ်ယောက်ထဲပြန်လွှတ်ဖို့မသင့်တော်လို့ပါ"

"ဪ ကိုဂျော်နသန်က ခုမိန်းမလေးတွေဘက်ကိုပါတွေးပေးတတ်နေပြီပေါ့ ကောင်းပါတယ်ရှင်"

"ရိုစီကိုဒီည ဧည့်သည်တွေအခန်းထဲအိပ်ခိုင်းလိုက်မယ်"

"ကိုဂျော်နသန် သဘောပါရှီလာကနန်းယဥ်ခမ်းရဲ့စံအိမ်မှ မဟုတ်တာ ကိုဂျော်နသန်လည်း သူနဲ့သွားအိပ်ချင်ရင်သွားအိပ်လို့ရပါတယ်နော် "

"အပိုတွေမပြောနဲ့ ဟန်နီ ကိုယ်စိတ်မတိုချင်ဘူး"

"နန်းအိပ်တော့မယ်  သွားအိပ်ချင်ရင်သွားအိပ်နော်ကိုဂျော်နသန် "

ဂျော်နသန် နန်းယဥ်ခမ်းအား ဒေါသများထွက်နေသောလည်း မိမိဘက်မှမှားထားသောကိစ္စဖြစ်သည့်အတွက် ဘာတစ်ခုမှလုပ်နိုင်စွမ်းမရှိပေ။

မနက်အာရုံတက်ချိန် ကြီးမြတစ်ယောက်ထုံးစံအတိုင်း မီးဖိုချောင်ထဲ အလုပ်ရူပ်နေပြီ။ခဏအကြာ ခင်ခင်ပါနိုးလာ၏။တူကြီးနှစ်ယောက် စကားအနည်းငယ်ပြောပြီးသော စျေးသွားကြသည်။

"ထွေးမာ ဆောင်းရာသီရောက်လာပြီမို့လို့နေမှာ ညကအိပ်ကောင်းလိုက်တာ"

"ဟုတ်တယ်မမဌေး ညအရမ်းအိပ်ကောင်းတာပဲ ရာသီဥတုကအရမ်းလည်းမအေးဘူး အရမ်းလည်းမပူဘူး"

အိမ်သန့်ရှင်းရေးလုပ်နေကြသော ထွေးမာနှင့်ဌေးဌေးအရှေ့သို့ ရိုစီရောက်လာ၏။

"ဟယ် သူကဘယ်လိုလုပ်ပြီ"

"အရေးပိုင်မင်းခေါ်လာတာနေမှာပေါ့"

နန်းယဥ်ခမ်းကိုချစ်သနားလှည့်ပါ(Completed)(Uni+ZG)On viuen les histories. Descobreix ara