PHOTOGRAPH

3.1K 310 104
                                    

💛

"ယန်ဂျောင်ဝန်းးး မင်းတော်သင့်ပြီနော်!!.."

ဘယ်လိုမှသည်းမခံနိုင်တော့တဲ့အဆုံးပတ်ခ်ဂျုံဆောင်းတစ်ယောက် လေသံကိုမာလိုက်မှ အနားမှာရစ်သီရစ်သီလုပ်နေတဲ့အရိပ်လေးသည် တဖြည်းဖြည်း သူ့အနားကိုနေခွာသွားတော့သည်။
မအော်ခင်အထိ ပျံ့လွင့်နေသော ခိုး"ခစ်"ရယ်သံလေးသည် ပတ်ခ်ဂျုံဆောင်း၏ ဒေါသသံလေးအောက်မှာ တိုးလျှိုပျောက်ကွယ်သွားတာကိုကြည့်တာနဲ့ ဒုက္ခအိုးလေးစိတ်ကောက်သွားပြီဆိုတာ လှည့်မကြည့်ဘဲသိလိုက်ပြီ။

ဒါပေမယ့် အလျှော့ပေးပြီး ပြန်လျှော့မယ်ထင်နေလား။ လုံးဝပါ။ အမြဲကလေးလိုဆိုးပြီးတွယ်ကပ်နေတာ တော်ရုံပဲကောင်းတယ်။ ဘယ်အချိန်ထိ သူ့ကိုအနိုင်ယူဖို့ကြိုးစားနေဦးမှာလဲ?

မှုန်မှုန်မှိုင်းမှိုင်းဖြစ်သွားတဲ့အဲ့ဒီမျက်နှာလှလှလေးကိုအသုံးချလိုက်ရုံနဲ့ ပတ်ခ်ဂျုံဆောင်းဆိုတဲ့သူက ဒူးထောက်လိမ့်မယ်လို့ထင်နေတယ်ဆိုရင် ယန်ဂျောင်ဝန်းဟာတုံးအလွန်းလို့ပဲ။ ဘယ်သူ့ဆီမှာမှ အရှုံးမပေးခဲ့တာမို့ အမြဲဘေးမှာ ပီကေလိုကပ်နေတဲ့ ဒီကောင်လေးဆီမှာ အရှုံးပေးရမယ့်အစား သေခြင်းတရားနဲ့သာရဲရဲကြီးရင်ဆိုင်ပစ်လိုက်ဦးမှာ။

မိဘတွေအချင်းချင်းသဘောတူထားတာနဲ့ သူပိုင်သလိုလာလုပ်နေတာ။ တကယ်တော့ သူ့အတွက် ယန်းဂျောင်ဝန်းဆိုတာ နားလည်ရခက်ပြီးတစ်ကိုယ်လုံးက ကာလာစုံအပြည့်နဲ့ အန္တရာယ်လေးသာ။

တစ်ခုပြောလိုက်တာနဲ့ မဲ့သွားတဲ့မျက်နှာထားကအစ မုန်းချင်စရာကြီး။
အခုလည်း​ ကျောင်းကလွှတ်ပေးတဲ့ခရီးကို ကိုကိုနဲ့အတူတူလိုက်ချင်ပါတယ်ဆိုပြီး အတင်းဂျီကျလွန်းတာနဲ့ ခေါ်လာရပေမယ့် ဒုက္ခအိုးလေးဟာနည်းနည်းလေးမှ ငြိမ်နေတာမဟုတ်။ အနောက်ကနေတစ်ကောက်ကောက်လိုက်ပြီးအနှောင့်အယှက်ပေးမယ်။ ဒါနဲ့တင်အားမရသေးရင် ရာရာစစသူ့လက်ကိုဆွဲပြီး သူသွားချင်နေတဲ့နေရာကိုဆွဲခေါ်သွားတာ လူကိုသူ့အပိုင်များမှတ်နေလားမသိ။

မိဘချင်းသဘောတူရုံနဲ့ လွတ်လပ်ခွင့်တွေအထိ ထိပါးလာတာမျိုးကို ဂျုံဆောင်းမကြိုက်တာ။ မကြိုက်ဘူးပြောရင်လည်း အိမ်ကလူတွေက ဆေးမိထားတဲ့အတိုင်းပင် သူ့သားလေးဘက်က တစ်ခါလောက် ရှိနေပေးမယ်မရှိပေ။ သားသားလေး သားသားလေးနဲ့ ချစ်ပြနေလိုက်တာ မသိရင် ယန်ဂျောင်ဝန်းကသာ သူ့တို့သားအရင်းဖြစ်နေပြီး သူကမွေးစားသားကျနေသလိုပဲ။

"ကိုကို စိတ်ဆိုးသွားတာလား.."

လေ​သံတိုးတိုးနှင့်စချီလာတဲ့မေးခွန်းလေးဟာ လေပြေချိုနှင့်အတူ သူ့ထံသို့ထိပါးရိုက်ခတ်လာသည်။ ရိုးရှင်းမှုတို့ရောယှက်ထားသည့်အတိုင်း ဘယ်အရောင်မှဆိုးထားခြင်းမရှိပုံပေါ်သည့်အဖြူထည်ဆန်ဆန် လေသံငယ်ကြားမှာ ပတ်ခ်ဂျုံဆောင်းထောက်တည်ထားတဲ့ စိတ်အစဥ်တို့သည် ယိုင်လဲလုနီးနီးဖြစ်ရပေါင်းများလှပြီဖြစ်သည်။

𝗉𝗁𝗈𝗍𝗈𝗀𝗋𝖺𝗉𝗁 | 𝗃𝖺𝗒𝗐𝗈𝗇Where stories live. Discover now