တက္ကသိုလ် အတွင်းမှာတော့ ဥစ္စာပေါရုပ်ချော သူငှေးသားလေး ပတ်ဆောင်းဟွန်းကတော့ ချောကလတ်တွေ ပန်းစည်းတွေ နဲ့ ‌ဘေးမှာကောင်မလေးတွေ ဝိုင်းနေတာပေါ့။

ဘဝရဲ့ ပထမဆုံး အချစ်ဦးက သူ့လို ယောက်ကျားလေးတစ်ယောက်ဖြစ်ခဲ့မယ်လို ဂျေးကိုယ်တိုင်လည်း မထင်ခဲ့.... မဟုတ်ဘူး တစ်ခါမှကို မတွေးခဲ့ဖူးဘူး။

အဲ့ယောကျာ်းလေးကလည်း သူငယ်ချင်းတဲ့လေ။

သူ့ဘက်က မထိတထိ အပြုအမူလေးတွေက ဂျေးအတွက်တော့ နှလူံးပေါက်ထွက်မတက် ရင်တွေခုန်နေရသည့် အခြေအနေအထိ ရောက်သွားရသည်ပေါ့။

ချစ်သူများနေ့မှာ ဂျေးကိုယ်တိုင် လုပ်ထားတဲ့ ချောကလက် လုံးလေးတွေကို ဆောင်းဟွန်းကို ပေးဖို့ လုပ်ခဲ့သည်။

ပေးလည်း ပေးဖြစ်ခဲ့သည်။ ဒါပေမယ့် ပတ်‌ဆောင်းဟွန်းဆိုတဲ့ ကောင်က သူ့ခံစားချက်ကို မမြင်တာလား။ သူများစေတနာနဲ့ ပေးတဲ့ အရာကိုဘဲ တန်ဖိုးမထားတက်လားမသိ။

ဂျေး ပေးသည့် ချောကလက်လူံးတစ်လူံးကို ပါးစပ်ထဲ ထည့်ငုံကာ အခန်းထောင့်မှာ ကောင်မလေးတစ်ယောက်နဲ့ နမ်းရင်း စားနေရသည်တဲ့။

အဲ့မြင်ကွင်းက တစ်သက်လူံး မေ့လို့မရတဲ့ မြင်ကွင်းတွေထဲ တစ်ခု အပါအဝင်ဖြစ်သည်။

"တောက်စ် ပတ်ဆောင်းဟွန်း "

သူဘာမှ မလုပ်နိုင်ခဲ့ဘူး။ ဒီတိုင်းရပ်ကြည့်နေလိုက်ရုံက လွဲပြီး။

ဆောင်းဟွန်းရဲ့ လုပ်ရက်ကို တော်တော် ဒေါသထွက်တာကြောင့် ထိုနေ့က တူတူမပြန်ဘဲ တစ်ယောက်ထဲ စောထွက်လာခဲ့သည်။

သူ ဘယ်လောက် ဆောင်းဟွန်းဆီက ရှောင်ပြေးပြေး နောက်ဆုံး ပြန်ပြန်မိသည်က သူကိုယ်တိုင်ဘဲ မပြေးတက်တာလား ။ ပတ်ဆောင်းဟွန်းဘဲ အဖမ်းတော်တာလားမသိ။

" ဂျေဂျေး ငါ့ကို စိတ်ဆိုးသွားတာလား "

စိတ်ရှိတိုင်း ပြောချလိုက်ရမယ်ဆို ဆိုးတယ် အရမ်းဆိုးတယ် ပြီးတော့ သူနာကျင်နေရတာတွေကိုပါ ထုတ်ပြောမိမှာ။

" မဆိုးဘူး "

" ကြည့်ပါအုန်း ဟွန်းဟွန်းရဲ့ ဂျေးဂျေးက စိတ်မဆိုးဘူးဆိုပြီး နှုတိခမ်းလေး စူနေတာ ငှကိပေါက်လေး ကြနေတာဘဲ "

M.I.N.EWhere stories live. Discover now