ဆူးဒေဝီတစ်ယောက် လွန်ခဲ့တဲ့ လ၀က်လောက်တည်းက ကိုကြီးရူးရူးနေတာ ဖြစ်သည်။ ကျူရှင်သို့ စက်ဘီးဖြင့်လာရင်း တွန်းလှည်းနှင့် တိုက်၍ စက်ဘီးမှောက်သွားသည်ကို ထိုကိုကြီးဆိုသူက ကူညီခဲ့ပေးဖူးသည်ဟု အမြဲတတွတ်တွတ်ပြောကာ
"ဒါငါ့ရဲ့ Right Person ၊ ငါ့ရဲ့ဖူးစာရှင်ကို ရှာတွေ့ပြီ "
လို့ ခဏခဏ ပြောတတ်သည်။

ဤသို့ဖြင့် လွန်ခဲ့တဲ့ တစ်ပတ်လောက်မှ မနေနိုင်မထိုင်နိုင် "ကိုကြီးကို ဖွင့်ပြောတော့မယ် ရည်းစားရသွားရင်ဘယ်လိုလုပ်မလဲ အဲ့တာနင် ကူညီပေး "ဟုဆိုကာ လူကိုရည်းစားစာရေးခိုင်းလာသည်။

သူတမင် ကောင်းကောင်းမွန်မွန် ဖွဲ့ဖွဲ့နွဲ့နွဲ့ မရေးပေးလိုက်တာဖြစ်သည်။ ဒီအရွယ်က သစ်ရွက်လှုပ်ရင်တောင် စိတ်ကစားတတ်တဲ့ အရွယ်မို့ တစ်ဖက်လူကိုလည်း အတည်ပေါက်တွေမဖြစ်ချင်ဘဲ သူ့သူငယ်ချင်းလည်း စိတ်ချမ်းသာအောင် အခုလိုလုပ်လိုက်ခြင်း ဖြစ်သည်။

ဆူးက သူ့ကိုယ်သူ မတရားခံရသလို‌ပြောနေသော ခီတန်ကူးဇဏ်ကို ပေစောင်းစောင်းသာကြည့်လိုက်သည်။

"အဲ့တာလေ နင်ကစာအိတ်ကို ပိတ်ပြီးမှပေးတာကို ငါကပြန်ဖွင့်ကြည့်ရမှာလား "

"နင့်ဘာသာ ပြန်မဖွင့်တာလေ မဖွင့်နဲ့လို့ ငါပြောမိလား "

"ငါအရင်တည်းက မပိတ်ရသေးခင် ပေးလို့ပြောတယ်လေ "

"ဒီသူငယ်ချင်းနှစ်ယောက် ဘာဖြစ်နေကြတာလဲ တံခါး၀မှာတည်းကဆူညံနေတာဘဲ တံခါးခေါက်တာတောင် မသိကြဘူးမလား"

ကြီးမြင့်သည် ထောပတ်သီးဖျော်ရည် ဗန်းကို ကိုင်ကာ အခန်းထဲသို့ ၀င်လာပြီး နှစ်ယောက်တည်းနှင့် ဆူညံနေသည်ကို မေးသည်။

"ဟိုမှာလေ ကြီးမြင့်တူမ  "

ခီတန်ကူးဇဏ်က ကြီးမြင့်ကိုင်ထား‌သော ဖျော်ရည်ဗန်းကို လက်လွှဲပြောင်းယူပြီး ရုပ်လေးနှင့်မလိုက် ကုတင်ပေါ်တွင် စူပုတ်စွာထိုင်နေသော ဆူးကို မေး‌ထိုးပြသည်။

ကြီးမြင့်က သဘောကျသလို တစ်ချက်ပြုံးလိုက်ပြီးမှ...

"ဟယ် ငါ့သားချောချောလေးကို ဒေါကီးနေတယ် ဟုတ်လား သမီး "

Love Of My Life [Completed]Where stories live. Discover now