အပိုင်း - ၃၈.၁

Începe de la început
                                    

"...အမ်း" လင်ရှန်း ခေါင်းငြိတ်ပြလိုက်တယ်။ ထမင်းဘူးထဲမှာ အလွန်တရာရိုးရှင်းတဲ့ ရိုးရာအသားညှပ်ပေါင်မုန့်တစ်ခု ရှိနေတယ်။ ဂျုံပေါင်မုန့်၊ ခရမ်းချဉ်သီး၊ တူနာ၊ ကြက်ဥကြော်နဲ့ အသီးအရွက်တွေအပြင် အလယ်မှာ မရောနိစ်ပျစ်ပျစ်ထူထူကို ရောထားတယ်။

ဖွင့်လိုက်တဲ့အခါ လတ်ဆတ်မွှေးပျံ့နေပြီး အရသာကလည်း ကောင်းမွန်လှတယ်။

တစ်ကိုက်ကိုက်လိုက်ပြီးနောက် လင်ရှန်း ပြောလိုက်တယ် "ဒါကို မင်းဖာသာလုပ်ထားတာလား?"

မော့ကျူးချန်က သူ့ရဲ့အူကြောင်ကြောင်အမူအယာကိုကြည့်ကာ မငြင်းလိုက်သလို ဟုတ်မှန်ကြောင်လည်း မပြောလိုက်ဘူး။

'ကောင်းပြီလေ! ပုံစံကိုကြည့်ရင် ဒါက တကယ်ကြီး မော့ကျူးချန်ကိုယ်တိုင် လုပ်ခဲ့တာပဲ' အခုဆို စိတ်ကြီးဝင်တတ်တဲ့ကျောင်းမြက်ကြီးရဲ့ 'ရေခဲတုံးနတ်ဆိုး'ပုံမှန်လုပ်ရိုးလုပ်စဉ်အပေါ် သူအနည်းငယ် ခံစားလိုက်ရတယ်။ တစ်ဖက်လူက ဂုဏ်ဆာတတ်ပြီး သူ့သိက္ခာကို ချစ်မြတ်နိုးသူဖြစ်တယ်ဆိုပေမယ့်လည်း တကယ်တမ်းတော့...

ဘယ်လိုပြောရမလဲ? သူ(မော့ကျူးချန်)က သူ(လင်ရှန်း)ပုံဖော်ကြည့်ခဲ့တာနဲ့ တူမနေဘူး။

"ပြီးတော့..." လင်ရှန်း ခေါင်းငုံ့ကာ အသံတိုးတိုးနဲ့ မေးလိုက်တယ် "ငါ မေးချင်နေတာ နောက်ကျရင် လုမြောင်မြောင်တို့ကို မင်းဘာလုပ်ဖို့ ပြင်ထားတာလဲ?"

ထို့နောက် သူ့စိတ်ထဲမှာ မနက်ခင်းတုန်းက အရပ်ရှည်ရှည် ခပ်တောင့်တောင့်ဝတ်စုံပြည့်နဲ့လူတွေ ပြန်ပေါ်လာတယ်။ လုမြောင်မြောင်နဲ့ အိုးရန်ယင်းယီတို့နှစ်ယောက်စလုံး ထိုလူတွေရှေ့မှာ သေချာပေါက် ဒူးထောက်ဖို့သာရှိမယ်။

"မင်းက သူတို့ကို ဘာလုပ်စေချင်တာလဲ?" မော့ကျူးချန်က ချက်ချင်းပြန်မဖြေဘဲ လေတလုံးမိုးတလုံးနဲ့ ပြောလာတယ်။

"အာ..." လင်ရှန်း မေးခွန်းပြန်ထုတ်ခံလိုက်ရတယ်!

သူက မော့ကျူးချန်ကို ဘာလုပ်စေချင်တာလဲ?

သူ အမြဲတမ်းသင်ကြားခဲ့တာတွေအရဆို လုမြောင်မြောင်တို့ကို အင်အားပြန်သုံးပြီးအနိုင်ပိုင်းတာက တရားမျှတတဲ့ ယှဉ်ပြိုင်မှုဖြစ်တယ်။ သို့ပေမယ့် လင်ရှန်း ဒါကို ဝန်ခံရမယ်။

ကျောင်းတွင်းအချစ်ဝတ္ထုထဲမှာ ငါလေးက သုံးပိုင်းတည်းပါတာလေ! [ဘာသာပြန်]Unde poveștirile trăiesc. Descoperă acum