16▪︎𝐋𝐚𝐬𝐭 𝐩𝐚𝐬𝐭-10»»»

Start from the beginning
                                    

"ကိုယ့်ကလေးလေးကတော့ချွဲနေပြီကွာ ကိုယ်ပြီးရင်ကလေးဆီလာခဲ့မယ်နော် အဟင်းး ချစ်စရာလေး"

သူဆင်းသွားပြီးသည်နှင့်ထိုကားကထိုနေရာမှထွက်ခွာပြီးနေရာတစ်ခုဆီသို့...၊ တိတ်ဆိတ်စွာမောင်းနှင်နေတဲ့ကားလေးအတွင်းအေးစက်နေတဲ့ရာသီဥတုနှင့်ဆန့်ကျင်စွာပင်သူမမှာဇောချွေးပြန်နေခဲ့သည်။ တုန်ရီနေသောလက်များကိုကျစ်ကျစ်ပါအောင်ဆုပ်ထားသောကြောင့်လက်မှာလည်းချွေးစေးတွေထွက်နေသည် ။

သူ့အခြေနေကိုသိချင်တာကြောင့်စကားစရန်ဟန်ပြင်နေစဥ်ကားကိုအရှိန်တင်လိုက်တာကြောင့်ပြောရန်စကားများပျောက်ဆုံးသွားခဲ့သည် ။ကွန်ဒိုနဲ့လားရာဆန့်ကျင်ဘက်ကိုကွေ့လိုက်တာကြောင့်ရင်ထဲသိမ့်ခနဲပင်...။

ရင်းနှီးသောလမ်းများကြောင့်သူမသိလိုက်ပါပြီ...။ သူ့အိမ်ကိုမောင်းလာခြင်းပင်...။

ထိတ်လန့်နေသောစိတ်များကိုအတတ်နိုင်ဆုံးထိန်းချုပ်ကာစကားအေးဆေးပြောကြည့်ရန်ကြိုးစားနေသော်လည်း နောက်ကျခဲ့ပြီ သူ့ရဲ့ကြမ်းတမ်းစွာဆွဲခေါ်လာမှုနောက်သူမတရွတ်တိုက်ပါလာခဲ့သည်။ လက်တွေအရမ်းနာကျင်နေသော်လည်းတစ်ခွန်းမှမဟရဲ... ဒါဟာသူမဘက်ကအမှားတစ်ခုမို့သာ...။

ဒေါသစိတ်တွေကြောင့်အကြမ်းပတမ်းဆွဲခေါ်ခံလာရတဲ့သူမလက်တွေဟာတုန်ရီနေခဲ့သည်။ဒါပေမယ့်သူ မသနားမိပါ...၊ ကိုယ့်ချစ်သူတစ်ယောက်လုံးတခြားလူရဲ့ရင်ခွင်ထဲမှာအဖက်ခံအနမ်းခံဖြစ်နေတာကိုခွင့်လွှတ်ရလောက်တဲ့အထိသူသဘောထားမကြီးပေးနိုင်ဘူး။

"ဂျောင်းဂု...ကျွန်မ အ့"

ခပ်ပြင်းပြင်းတွန်းချက်ကြောင့်နံရံနဲ့မိတ်ဆက်မိသွားတဲ့ ကျောပြင်ကအောင့်ခနဲ။

"မင်းဘယ်ခြေလှမ်းကိုလှမ်းလိုက်တာလဲနာအွန်း ငါ့ကိုဘယ်လိုလုပ်လိုက်တာလဲ ငါ့ကိုဘယ်လိုသဘောထားနေတာလဲ၊ ငါကမင်းအတွက်ဘာလဲ လှေကားထစ်သပ်သပ်ပဲလား ဟင်"

လက်မောင်းနှစ်ဖက်ကိုတင်းတင်းကျပ်ကျပ်ဆုပ်ကိုင်မေးနေတဲ့သူ့ကြောင့်သူမလက်တွေလည်းနီရဲပြီးကျင်တက်နေခဲ့သည်။

《𝐖𝐡𝐞𝐧 𝐖𝐞 𝐌𝐞𝐞𝐭 𝐀𝐠𝐚𝐢𝐧》[Complete]Where stories live. Discover now