ချောင်ကျိုချောင်ကြား ထဲကနေ ထွက်လာသည့် တံမြက်စည်း တစ်ချောင်းကို ယူပြီး ဒရေကို ဘက်သို့ လှည့်ကာ ပြန်ဖြေလာသည် ။
"သွားမယ်လေ.. ဒါဆိုလည်း လေ့ကျင့်ရေး စတော့မယ်! "
ဒီလိုနဲ့ ဒရေကို နဲ့ ဟယ်ရီ တို့လည်း ကွစ်ဒစ်ကွင်းထဲသို့ ထွက်လာခဲ့တော့သည် ။
_____________________
"ကဲ!ကလေးတွေ ဒီဘက်ကို စုကြပါ! "
ဟော့ဝပ်ကျောင်းရဲ့ စလေသရင်း ပရော်ဖက်ဆာကြီး နှစ်ယောက်ကတော့ အတွဲညီစွာ နဲ့ ကျောင်းသားတွေကို စောင့်ကြပ်နေလေပြီ ။
"စလေသရင်း က ဟိုဘက် ဂိုးပေါက် ကိုသွား ၊ ဂရင်းဖင်းဒေါ က ဒီဘက် ကိုလာ! အသင်းခေါင်းဆောင် တွေက နေရာခွဲပီး စလေ့ကျင့်လို့ ရပြီ! "
လူစီးရပ်စ် ၏ စကားဆုံးသည်နှင့် ဆေးဗားရပ်စ် က သူ၏ Wand ကို မြောက်ပြီး ဝီစီသံ ထွက်စေကာ အချက်ပေးလိုက်သည် ။
ကျောင်းသားများကတော့ သူတို့၏ နေရာအလိုက် ညီညီညာညာ ကစားနေကြပါသည် ။
"Sev !"
ဂရုတစိုက် တစ်ယောက်ချင်းစီတိုင်းကို လိုက်ကြည့်နေလေသော Sev က သူ့ကိုတောင် ဘေးနားမှာ ရှိမည် မထင် ။
"ဝေါအိုက်နီ! "
"ဟမ်... "
မကြားဖူးသော စကား အသံထွက် တစ်ခု နားထဲသို့ ရောက်ရှိလာချိန်တွင် ဆေးဗားရပ်စ် လူစီးရပ်စ် ကို လှည့်ကြည့်မိလိုက်သည် ။
"ဆာရာဟယ်! "
"လူစီးရပ်စ်! မင်းဘာတွေပြော.. "
"အိုင်လက်ဖြူ! "
နောက်ဆုံးတော့ အဖြေပေါက်သွားဟန် တူသော ဆေးဗားရပ်စ် တစ်ယောက် ဘာမှ ပြန်မပြောတော့ဘဲ ကျောင်းသားများဆီသို့ အကြည့်ပြန်ရောက်သွားသည် ။
လူစီးရပ်စ် ကတော့ ပြုံးဖြီးဖြီး ကြီးနဲ့ စိုက်ကြည့်နေဆဲ....
ငါးမိနစ် ဆယ်မိနစ် ဆယ့်ငါးမိနစ်...
"မင်းတော်တော့.. !"
ရုတ်တရက် ကြီး ထအော်တဲ့ Sev ကြောင့် အကြည့်လေးတွေတောင် ရုတ်သိမ်းလိုက်ရမလို ။