ဒီလိုဆိုရင် မောင်ငြင်းလိမ်မည်ဟု လောင်းရိပ် ထင်သည် ။ လူဘုံအလယ်မှာ ယောက်ျားတစ်ယောက်က မိန်းမပုံစံဝတ်ပြီး နေရမှာ မည်သူမျှ လုပ်ချင်လိမ့်မည် မဟုတ် ။
လောင်းရိပ် မဂ်လာပွဲကြီးတစ်ခု လုပ်ချင်ပါသည်။ သို့သော် သူတို့က ၂နှစ်နေပြီးရင် ကွာရှင်းရမည်လေ ။ ကွာရှင်းပြီး လောင်းရိပ်က မိမိနေသော မြို့သို့ ပြန်မည်ဆိုပေမယ့် မောင်က အခုမြို့လေးမှာပဲ ကျန်ခဲ့ရမည်။ လက်ညှိုးထိုးခံရမှာကို သူမလိုလားပါ ။ ကြီးကြီးကျယ်ကျယ်လက်ထပ်ပြီးမှ ကွာရှင်းလိုက်ပြီဆိုလျှင် ပတ်ဝန်းကျင်က လက်ညှိုးထိုး အပြစ်ပြောကြလိမ့်မည် ။
မောင့်ကို ထိုသို့အဖြစ်မခံချင်ပါ ။ အစကတည်းက လူတွေရဲ့ အပြစ်ပြောခံနေရသော မောင့်အဖို့ စိတ်ဒဏ်ရာတစ်ခု ထပ်မရစေချင် ။
လုံးဝ မဖြစ် ။

"ရတယ် ဦးရိပ် ၊ မောင်.ဝတ်မယ် "

"ဘာ "

"ဒါဆို အကျီထပ်အပ်ရတော့မှာပဲ ၊ မောင် အကျီချုပ်ဆိုင်ကို ဒီဇိုင်းတွေ သွားကြည့်လိုက်ဦးမယ် "

အရူးလေးတစ်ယောက်လို ပြောပြီး.အိမ်ထဲမှ ပြေးထွက်သွားသော မောင့်ကို တားချိန်မရလောက်အောင်ကို လောင်းရိပ် အံ့သြနေမိပါသည် ။
ဘာကြောင့်လဲ ။ ဘာလို့ အခုလို မဆိုင်းမတွ ဆုံးဖြတ်နိုင်ရတာလဲ ။

.....

ပြုံးပျော်နေကြသော လူအများ ။ တကယ်ပြုံးနေတာ ၊ ဟန်ဆောင်နေကြတာလားဆိုတာတော့ မျက်နှာရိပ်မျက်နှာကဲ ဖမ်းတာကျွမ်းသော သူများသာ သိလိမ့်မည် ။

ပန်းရောင်.တိုက်ပုံ ၊  ရွှေချည်ထိုးထားသော ပန်းရောင် ပိုးထည်ပုဆိုးနှင့် သပ်ရပ်စွာ ခန့်ညားနေသော လောင်းရိပ် ။ နဖူးရှိ ဆံပင်တို့ကို သပ်တင်ထားသဖြင့် မကျဥ်းမကျယ်သော မဟာဆန်ဆန်နဖူးက ထင်းခနဲ ။နှာရိုးမြင့်မြင့်အောက်က ခပ်ရေးရေးပေါက်သော နှုတ်ခမ်းမွှေလေးကိုတော့ ရိတ်ထားပုံရသည် ၊၊ သို့ပေမယ့် ကြည့်ကောင်းနေဆဲပင် ။ မျက်ခုံးထူထူးအောက်က မျက်ဝန်းနက်နက်တို့က ပြုံးပျော်နေသည် မဟုတ်သော်လည်း.မထူမပါး.နှုတ်ခမ်းကတော့ နှစ်လိုဖွယ်အပြုံးကို တပ်ဆင်ထားသည် ။

နားခိုခွင့် /နားခိုခြင့္ {Completed }Where stories live. Discover now