Chapter -2 Heartless sadistic murderer [Unicode]

Start from the beginning
                                    


ထိုလူကို အေးအေးဆေးဆေးရှင်းပြနေပေမယ့် ထိုလူက သူ့စကားကို နားမထောင်တာ အသိသာကြီးဖြစ်သည်။ ထိုလူသာ အကျိုးသင့်အကြောင်းသင့်နားထောင်တတ်သူဆိုပါလျှင် အခုကဲ့သို့ သူ့အား အော်ဟစ်ပြောဆိုနေမည်မဟုတ်ပေ။


"ငါ့ကောင်မလေးပြောတာထက် မင်းအလိမ်အညာကို ငါကယုံလိမ့်မယ်ထင်လား" ထိုသူကလည်း သူ့ကိုပြန်အော်ဟစ်သည်။


သူသက်ပြင်းချပြီး နားထင်ကြောကို နှိပ်နှယ်လိုက်သည်။ ဒါက သူထင်ထားသည်ထက် ပိုစိတ်ဖိစီးလာစေသည်။ သူ့ဆန္ဒက သူသဘောအကျဆုံး ညဖက်ဖွင့်သည့် အရက်ဆိုင်လေးတွင် ဘီယာတစ်ခွက်နှစ်ခွက်သောက်ကာ သူအကြိုက်ဆုံးအဖျော်ဆရာ မစ္စတာလင်ကွန်းနှင့် စကားစမြည်ပြောချင်ရုံမျှသာ။ ဘယ်သူကထင်မှာလဲ အရက်ဆိုင်ထဲမဝင်ခင်မှာတင် ဒီလိုအရှုပ်ထုပ်ထဲ ရုတ်တရက်ရောက်သွားလိမ့်မည်ဟု။ ယခုတော့ သူ ဘီယာလည်း သောက်ဖြစ်မှာမဟုတ်သလို ဘယ်သူနှင့်မှလည်း စကားပြောဖြစ်တော့မည်မဟုတ်တော့ပေ။


"ဟုတ်တယ် ငါအမှန်အတိုင်းပြောနေတာ သူမက မဆင်မခြင်လျှောက်စွပ်စွဲနေတာ ပြီးတော့ ငါ့ကောင်မလေး ငါ့ကောင်မလေးလို့ ခဏခဏခေါ်နေတာတွေ ရပ်လိုက်ပါ့လား သူမက သူမပဲလေ ဘယ်သူမှ သူမကိုမပိုင်ဘူးလေ" သူက ဒါကို ဒီအတိုင်း အမှုမဲ့အမှတ်မဲ့ပြောလိုက်ပေမယ့် ထိုလူက ပို၍ဒေါသထွက်သွားပုံရသည်။


"မင်းက ငါ့ကို လာအမိန့်ပေးနေတာလား ဟမ် ကောင်လေး" ထိုလူအော်ဟစ်နေခြင်းက သူ့ကိုပိုစိတ်ရှုပ်လာစေသည်။ ဒီလူကတော့ ကောင်လေးလို့ ထပ်ချည်းတလဲလဲခေါ်နေတာ လူကို လာစော်ကားနေတာမဟုတ်ပါလား။


"အမိန့်ဟုတ်လား ငါပြောတဲ့စကားထဲမှာ အမိန့်ပေးတဲ့စကားနဲ့တူတာ ဘာပါလို့လဲ ငါက ဒီအတိုင်း ငါ့ဖက်ကကိစ္စကို ရှင်းပြနေတာလေ" သူလဲပြန်အော်လိုက်မိသည်။ ထိုလူအော်နေတာတွေကြောင့် သူလည်းမအော်ဟစ်ဘဲ မနေနိုင်တော့ချေ။


ထိုလူက သူ့ကို မိုက်ရိုင်းတာတစ်ခုခု ပြန်ပြောဖို့ ဟန်ပြင်နေစဉ် ရဲကားတစ်စီးဟာ သူတို့ရှိရာ အရက်ဆိုင်ရှေ့သို့ ရောက်လာလေသည်။ ရဲကားကိုမြင်သည်နှင့် သူတို့ရန်ပွဲကို ဝိုင်းကြည့်နေသူများအားလုံး ချက်ချင်းထွက်ပြေးသွားကြလေသည်။

အထာကျကျ သတ်ပါ (အထာက်က် သတ္ပါ)Where stories live. Discover now