ဂုဏ်ရှိန်ကင်းတဲ့ ချစ်ခြင်း(၂)

2.2K 197 5
                                    

🎄ဂုဏ်ရှိန်ကင်းတဲ့...ချစ်ခြင်း🎄
🌈🌈🌈🌈🌈🌈🌈🌈

အပိုင်း(၂)

ဒီနေ့...မောင်ငြိမ်းတောပစ်မထွက်တော့ပဲမနက်စာစားပြီးယာထဲသွားရန်ပြင်နေမိသည်။တလမှာသုံးရက်လောက်တော့...သူမတောပစ်မထွက်ပဲနားတက်သည်။ဒါကလည်း...အမျိုးသမီးတို့ရဲ့သဘာဝ...ဓမ္မတာလာစဉ်အတွင်းမို့သူမနားတာပင်ဖြစ်သည်။ကျန်ရက်များမှာတော့ပုံမှန်ပင်သွားလာလှုပ်ရှားသည်။

''အဘ...ကျုပ်ကိုဆေးခန်းလိုက်ပို့
ပေးပါဗျာ...ကျုပ်ခေါင်းတွေမူးလှပါပြီ''

အိမ်ရှေ့ဆီမှစောစောစီးစီးကိုချစ်အသံကြီးထွက်လာတော့သူမ...လှမ်းကြည့်လိုက်သည်။

''ဟေ့ကောင်...မင်းခေါင်းမူးတာက
မင်းဟာမင့်...ထန်းရေတွေခွေးသောက်နွားသောက်သောက်ပြီးမူးတာလေ...ဘာဆေးခန်းပြ
ဖ်ို့လိုလည်း''
အဘငွေမောင်းတယောက်ကိုချစ်ကိုဒေါကြီးမောကြီးအိမ်ပေါ်ကဆင်းလာပြီးအပစ်တင်န်ေသည်။

''မဟုတ်ပါဘူးအဘရာ...ကျုပ်တကယ်မူးနေတာပါ...''
ကိုချစ်ကလည်းအလျော့မပေး...သူ့ခေါင်းကြီးကိုင်ကာပြောနေလိုက်ပုံကမသိရင်...အခုပင်ပစ်လဲတော့မဲ့ပုံမျိုးနဲ့မို့သူမပြုံးလိုက်သည်။

''အောင်မယ်...ခွေးသား...မင်းအကြောင်း...ငါမသိရင်ခက်မယ်ဟေ့ကောင်...မင်းကိုငါသတိပေးပြီးပြီနော်ဆရာမလေးကိုရုတ်ရုတ်...ရုတ်ရုတ်လုပ်မယ်မကြံနဲ့
ငါ့သားဆိုပြီးမင်းကိုညှာမယ်တော့မထင်လိုက်နဲ့''

အဘရဲ့ပြက်သားလှသောစကားကြောင့်ကိုချစ်မျက်နှာကြီး...မဲမှောင်သွားသည်။စံပယ်ကလည်း......

''ကိုကြီးနော်...ကိုကြီးအကြံကျုပ်သိ
တယ်...ကိုယ့်ဟာ့ကိုအေးဆေးနေပါတော်...ဆရာမလေးကိုတော့မနှောက်ယှက်ပါနဲ့''

ကိုချစ်မျက်နှာကြီးမှာ...စံပယ်ဘက်သို့ဇတ်လည်ကာကြည့်လိုက်ပြီး.........မဲပါတော့သည်။

''ငါတကယ်မူးနေတာမိစံပယ်နင်မသိပဲဝင်မပြောနဲ့ဟွန့်''

''တော်စမ်းငချစ်...မင်းတကယ်မူး
တယ်ဆိုရင်တောင်ဆေးခန်းကိုမပို့နိုင်ဘူးကွာ...''

''အဘကရက်စက်တယ်ဗျာ...''

''မရက်စက်ပါဘူး...ငါကိုယ်တိုင်ကုပေးမှာလာစမ်း...''

ဂုဏ် ရှိန်ကင်းတဲ့ချစ်ခြင်းWhere stories live. Discover now