1

873 61 1
                                    

" မနက်ဖြန်ငါ့အစ်ကိုပြန်လာမှာတဲ့ "

ဂျောင်ဝန်းရဲ့ ဝမ်းသာအားရပြောသံကြောင့် နီကီကခေါင်းထောင်ကြည့်သည်။

ခုကျုရှင်မှာသူတို့သုံးယောက်စာလုပ်နေကြခြင်းဖြစ်သည်။ကျောင်းကို‌တော့မြို့ပေါ်မှာသွားတက်ရတာမှန်ပေမဲ့ ကျူရှင်ကို‌တော့ကိုယ့်ရွာမှာသာတက်ဖြစ်ကြသည်။ဆယ်တန်းရောက်မှမြို့ကကျူရှင်ပြောင်းမည်ဟုသူငယ်ချင်းသုံးယောက်တိုင်ပင်ထားသောကြောင့် ယခု 8တန်းကိုရော9တန်းကိုပါ ရွာကကျူရှင်မှာပဲတက်ကြမည်ဖြစ်သည်။

" ထိုင်းမှာအလုပ်သွားလုပ်တဲ့အစ်ကိုဆိုတာလား "

ဆောနူရဲ့အမေးကို ဂျောင်ဝန်းကစာငုံ့ရေးနေရင်းခေါင်းငြိမ့်ဖြေသည်။

ကျွန်တော်တို့ရွာကလူတော်‌တော်များများကမြို့ပေါ်မှာထက်တခြားနိုင်ငံမှာအလုပ်သွားလုပ်ဖို့ပိုအားစိုက်ကြသည်။ ကိုယ့်နိုင်ငံမှာမရနိုင်တဲ့လုပ်ခလစာကိုတခြားနိုင်ငံများကပေါပေါလောလောပေးကြသည်ကိုး။ ရွာကလူအများစုကတော့ထိုင်းမှာသွားလုပ်ကြတာများသည်။ ယခုလိုတခြားနိုင်ငံမှာအလုပ်လုပ်ပီးပြန်လာကြသည်ကိုဂုဏ်ယူဝင့်ကြွားပြောတတ်ကြသည် ။

" မင်းအစ်ကိုကိုငါမသိဘူးရော် .. "

" ငါသိတယ် .. ငါမြင်ဖူးတယ် ဂျောင်ဝန်းအစ်ကိုကိုကို .. ဒါပေမဲ့မမှတ်မိတော့ဘူး ဟီး .. "

အပြင်သိပ်ထွက်လေ့မရှိတဲ့ ဆောနူကတော့ ဂျောင်ဝန်းအစ်ကိုကိုမြင်လည်းမမြင်ဖူးသလိုသိလည်းမသိချေ။ စပ်စပ်စုစုနိုင်လှတဲ့ နီကီကတော့တစ်ရွာလုံးသူမသိသည့်သူမရှိချေ။ ဂျောင်ဝန်းအစ်ကိုကိုတော့သိပေမဲ့မမှတ်မိဘူးတဲ့လေ ။

" ဘယ်မှတ်မိမလဲ .. ငါ့အစ်ကိုထိုင်းသွားတုန်းကငါတို့ကငယ်သေးတာကို .. "

" အဲ့တာကြောင့် .. သိတော့သိတယ်မမှတ်မိတာ .. "

မျက်မှန်ဝိုင်းလေးကိုလက်နဲ့ပင့်တင်ကာပင့်တင်ကာဖြင့် နီကီ ကဆိုလာသည်။

ဂျောင်ဝန်းအစ်ကိုဆိုပေမဲ့ တစ်ဝန်းကွဲတော်တဲ့အစ်ကိုသာဖြစ်သည် ။ကျွန်တော်တို့သုံးယောက်လုံးကတစ်ဦးတည်းသောသားတွေဖြစ်ကြတာမို့ မောင်နှမအရင်းတွေမရှိကြ ဒါကြောင့်ကျွန်တော်တို့သူငယ်ချင်းသုံးယောက်ကတစ်ယောက်ကိုတစ်ယောက်အတော်ချစ်ကြသည်။

အစ်ကို ( Completed )Where stories live. Discover now