16

2.3K 311 34
                                    

လက်ထက်ဖို့ရက်‌ေတွ တနေ့ထက်တနေ့
န‌ီးလာခဲ့လို ဘယ်လိုအမှားအယွင်းမှမရှိ‌စေအောင် ပြင်ဆင်ရင်း တက်ကြွနေသလောက်
ဆော့ဂျင်ဘက်က အေးစက်စက်နိုင်နေတယ်လို ခံစားလာမိသည်။
ဒါမှမဟုတ်
ဆော့ဂျင်ကို တစိမ့်စိမ့်ကြည့်နေမိတက်တဲ့ သူပဲ စိတ်ထင်နေတာများလား?

ဘာပဲဖြစ်ဖြစ် မဂ်လာရက်‌နီးနေတဲ့အချိန်မှာ
ဆော့ဂျင်မျက်နှာညိုးနေတာမလိုလားလို
စိတ်ပြေလက်ပျောက်ဖြစ်အောင် မိုချီလေးနဲ့အတူ
companyသို့ခေါ်လာခဲ့လိုက်သည်။ပြီးမှ ပါရဂူဂီ ထံသွားပြီး ဆေးစစ်ပြီး အားဆေးမဆိုသွားယူမည်ဟု ရည်ရွယ်ထားလိုက်ပြန်သည်။

သူပခုံးပေါ်ခေါင်းလေးတင်လာခဲ့တဲ့ ချစ်သူရသူကြောင့် ဆံပင်လေးတွေကိုသပ်ပေးရင်း
နားထင်နေရာလေးကို ခပ်ဖွဖွ‌ပွတ်ပေးနေခဲ့မိသည်။ ကျန်လက်တဖက်က လက်ကောက်ဝတ်ကသွေးကြောလေးကို စမ်းနေခဲ့မိသည်။

သူအတွက် အပွန်းအပဲ့မခံစေနိုင်သည့်
ပွင်ချပ်ငယ်တခုအလား သတ်မှတ်ထားတဲ့
ချစ်ရသူကိူ
ဆေးစစ်ဖို့အတွက်သာ ခေါ်သွားနေပေမယ့်
တကယ်တမ်း သွေးတွေဘာဖောက်ကြရင်
သူ ကြည့်ရင်နိုင်မယ်မထင်ပါ။

တခြားကိစ္စတွေနဲ့ တခြားလူတွေအပေါ်မှာသာ
သူဟာ ကြမ်းတမ်းနိုင်ကောင်းနိုင်လိမ့်ပေမယ့်
ဆော့ဂျင်နဲ့ပတ်သတ်လာရင် အခုလို သေးသေးလေးကိစ္စ‌ေတွကအစ နူညံ့သွားတက်သည်။

"ဘေဘီရယ် လက်ထက်ခါနီးမှ
အားမရလိုက်တာကွာ~~"

နဖူးပြင်ပြေပြေလေးကိုငုတ်နမ်းရင်း အားမလိုအားမရစွာပြောမိတဲ့သူကကားအ‌ေရှ့ခန်းမှာ အတွင်းရေးမီူးရှင်းမ်နဲ့ မိုချီလေးရှိနေသည်ကို
ဂရုမစိုက်မိခဲ့ပါ။

သူသည့်ဆော့ဂျင်အရှေ့ရောက်ရင်
ပတ်ဝန်းကျင်ကိုလစ်လျူရူမိသွားတက်သလို
ခေါင်းထဲတွင်လဲ ဆော့ဂျင်မှအပ တခြားဘယ်အရာကိုမှ မတွေးမိလောက်သည်အထိ
ဖြစ်သွားတက်သညါ။
သူ့စိတ်တွေ
ထိန်းချုပ်နိုင်စွမ်းနည်းသွားသည်အထိ
ဆော့ဂျင်ကသူကိုပြုစားထားသည်။

ဒါကြောင့် လုပ်ငန်းပါတနာလဲဖြစ်
သူငယ်ချင်းလဲဖြစ်တဲ့ ဟန်ဂျယ်ဆောင်းက
သူကိုခဏခဏပြောလေ့ရှိတယ်။

Same But Different ☑️ Complete Where stories live. Discover now