နှစ်ယောက်သားကြား ပြောစရာစကားလုံး ရှာမရ ။ နောက်ဆုံး.ဘာမှ မပြောခြင်းက ပို၍ နေသာလိမ့်မည်သာ။

........

မှောင်မဲနေပြီး မကောင်းသည့် အနံ့အသက်များ ရနေသော အခန်းထဲဝယ် လက်ပြန်ကြိုးအတုပ်ခံရပြီး ငုတ်တုတ်ထိုင်နေသော လူသုံးယောက် ။
မှောင်လွန်း၍ တစ်ယောက်နှင့် တစ်ယောက်တောင် မမြင်နိုင်ကြပေ ။ အသံထွက်ဖို့ရာလည်း ပါးစပ်များကို တိပ်ဖြင့် ကပ်ထားသဖြင့် ဝူးဝူးဝါးဝါးသာ အော်နိုင်ပါသည်။

တံခါးတစ်ချပ်ပွင့်လာသည့် အလျောက် အလင်းစ တစ်ချို့က အခန်းတွင်းသို့ ချင်းနင်းဝင်ရောက်လာ၍ မြင်ကွင်းများ ကြည်ကြည်လင်လင် ဖြစ်လာသလို အဖမ်းခံရသော လူသုံးဦး၏.မျက်နှာများကို မြင်တွေ့ရလေသည်။

မောင် ၊ မေ နဲ့ ဆေးရုံက သားဖွားဆရာမလေး လဲ့ရည်ထက် ။
ဘာတွေ ဖြစ်ကုန်တာလဲ ။ ညနေက မေနဲ့အတူတူ ဆေးရုံအပြင်ဘက်က အသုပ်ဆိုင်ကို အသုပ်ဝယ်ဖို့ ထွက်ခဲ့တာကိုပဲ မှတ်မိသည်။ ထို့နောက်......
လူတစ်ယောက်....ဟုတ်တယ် လူတစ်ယောက် ကားနဲ့ လာခေါ်တာ ။
ခေါ်တုန်းက မောင်ကတောင် တားသေးသည်။ မေက သူနဲ့သိသည်၊ ဖေ​ဖေ့မိတ်ဆွေ ဟု ဆိုသဖြင့် လိုက်လာခဲ့ခြင်းပင် ။
အခုက..... ဘယ်လို အခြေအနေတွေ ဖြစ်ကုန်တာလဲ ။

ပါးစပ်တွင် ကပ်ထားသော တိပ်များကို မညှာမတာ ဆွဲခွာလိုက်သည်နှင့် မေ့အသံထွက်လာသည်။

"ဒါက ဘယ်နေရာလဲ ဘာလို့ ခေါ်လာတာလဲ "

"မေးခွန်းတွေ များလှချည်လား.ကလေးမရဲ့ "

အသက် ၄၀ အရွယ်ရှိ ယောက်ျားကြီးတစ်ယောက် ဝင်လာပြီး ပြောလေသည်။
ဝဝဖိုင့်ဖိုင့် ပါဝါပါသော မျက်မှန်အနက်ကိုင်းကြီးကို တပ်ထားလေသည်။

"ခေါ်လာတာကတော့ ရောင်းစားမလို့ပဲ ၊ အဲ့ထပ်ရှင်းတဲ့ အဖြေမရှိတော့ဘူး.ထင်တယ် "

"ကျွန်တော်တို့ ပျောက်သွားလို့ ကျွန်တော်တို့ မိဘတွေ ရဲကိုတိုင်မှာ မကြောက်ဘူးလား "

"ဟားဟား...မင်းတို့ အဖေတွေ ကိုယ်တိုင်ထည့်လိုက်တာပဲ "

"မဖြစ်နိုင်ဘူး "

နားခိုခွင့် /နားခိုခြင့္ {Completed }Where stories live. Discover now