"ဟုတ်တယ် ၊ ငါက သန်မာတယ်၊ ငါဘယ်သူ့ကိုမှကြောက်နေစရာမလိုဘူး ၊ ငါ့မှာ mate မလိုဘူး ငါကတယောက်ထဲ ရပ်တည်နိုင်တယ်"

ရှောင်းကျန့် တက္ကသိုလ် ပထမနှစ်မှာတော့ ကျဲက အလုပ်ရာထူးအပြောင်းအရွေ့နဲ့  Aနိုင်ငံကို ပြောင်းသွားခဲ့ရတယ်။ A နိုင်ငံက မြို့တော်ကြီးတစ်ခုဖြစ်တဲ့အပြင် ၊ လူသတ် ဒုစရိုက် ခိုးဆိုးလူနှိုက်တွေလဲ ပေါတာကြောင့် ကျဲကျဲက ရှောင်းကျန့်ကို အခုနေတဲ့မြို့ငယ်လေးမှာပဲ ကျန်နေရစ်စေခဲ့တယ်။ နောက်ပိုင်းမှာတော့ ကျဲကျဲကသူ့အလုပ်ရှင်နဲ့ပဲ အိမ်ထောင်ကျသွားခဲ့တယ်။ ကျဲရဲ့ခင်ပွန်း ဝမ်ဇီရွှမ်းဘက်အသိုင်းအဝိုင်းကအလွန်ချမ်းသာပြီး ကျဲနဲ့သဘောမတူဘူးလို့တော့ ကြားရတယ် ။ဒါပေမဲ့ ကျဲကသူ့ကိုအသေးစိတ်တော့ပြောမပြခဲ့ပါဘူး။

"အားကျန့် ကျဲကျဲ မင်းအတွက်ငွေပို့ပေးထားတယ်နော်၊ ကျောင်းစားရိတ်အတွက် ဘာမှမပူနဲ့ "

"ကျဲ ..ကျဲရဲ့ယောက်ကျားက ကျဲကိုချစ်ရဲ့လား ၊ သူအနိုင်ကျင့်ရင် ကျွန်တော့်ကိုပြောနော် ၊ ကျွန်တော်ချက်ချင်းလာခေါ်မယ် "

"ကျဲကိုသူက အရမ်းချစ်တာ အနိုင်မကျင့်ပါဘူး ဟုတ်တယ်မို့လား ကို ..."

"ဟားဟား ဒါပေါ့ဗျာ "

ကျဲနဲ့ video call ပြောတိုင်း ဘေးမှာရှိနေပေးတတ်တဲ့ သူ့ရဲ့ယောက်ဖကြီးက ရုပ်လဲချောသလိုသဘောလဲကောင်းလှတယ်။တဖြည်းဖြည်းနဲ့နှစ်တွေကြာလာတဲ့အခါမှာ ရှောင်းကျန့်လဲ ဘွဲ့တစ်ခုရလာခဲ့ပြီ။ ဖုန်း screen မှာ မြင်ရတဲ့မိသားစုကလည်း ၂ယောက်ထဲမဟုတ်တော့ဘူး။ သွားကျိုးလေးနဲ့ ကလေးလေးတယောက်လဲပါလာခဲ့ပြီ။ ကျဲရဲ့သားလေးက အရမ်းကို စကားတတ်ပြီး ချစ်စရာကောင်းတယ်။ သူ့ရဲ့အဖေလိုပဲ Alpha တယောက်ဖြစ်လာမယ်လို့ မျှော်လင့်ရတယ်။ ဝမ်ကျင်းလင်လေးတောင် အသက် ၅နှစ်ပြည့်လာခဲ့ပြီ။ ဒီလိုသာယာနေတဲ့ မိသားစုလေးကိုမှ့ ကံကြမ္မာရယ် ....

ကျဲတို့လင်မယား ကား accident နဲ့ဆုံးပြီတဲ့။ ‌ကျဲရဲ့ရှေ့နေက ဖုန်းဆက်လာတော့ သူ့မှာရူးမတက်ဖြစ်ရတယ်။ ကလေးက မူကြိုမှာထားခဲ့တာမို့ အသက်ရှင်ကျန်ရစ်တယ်။  သူ့ရဲ့တူလေး ဝမ်ကျင်းလင်လေးကို ဆက်ပြီးအုပ်ထိန်းခွင့် ရှောင်းကျန့်ကိုပေးဖို့ ကျဲကျဲကဆုံးခါနီး ရှေ့နေတွေနဲ့သေချာမှာထားခဲ့တယ်တဲ့။ ဒါကြောင့်မို့ ရှောင်းကျန့်က Aနိုင်ငံကို မှီရာလေယာဉ်နဲ့ အမြန်ဆုံးသွားရမှာပဲဖြစ်တယ်။ ကျင်းလင်ကိုတရားဝင်အုပ်ထိန်းခွင့်လွှဲပြောင်းယူဖို့က ရိုးရိုးရှင်းရှင်းကိစ္စရပ်လေးဆိုပေမဲ့ ရှောင်းကျန့်အတွက်က မတူဘူး။

My Ugly Omega Mate (Completed)Where stories live. Discover now