"ဟိုဟာလေ၊ ဒီတစ်ပတ်ထဲတော့ အားတဲ့အချိန်ခေါင်မိုးထပ်က ကိုကို့ ပစ္စည်းတွေ သွားသယ်ထားဦးမလို့"

"ပိတ်ရက်မှ အတူသွားမယ်လေ.. တစ်ယောက်ထဲမသွားနဲ့"

"အင်းပါ"

ခေါင်မိုးထပ်အခန်းလေးကို ဒီတစ်နှစ်စာချုပ်ကုန်ရင် ပြန်အပ်ရတော့မည်။

နှစ်အနည်းငယ်ကြာအောင် ထိုအခန်းလေးမှာ တစ်ကိုယ်တည်းဖြတ်သန်းခဲ့ရသည် မို့ ပြန်အပ်ရဖို့နီးလာတော့ မျက်နှာလေးကမကြည်မလင်နှင့် ဝမ်းနည်းသွားတတ် သည်။သိပ်ကိုသံယောဇဉ်ကြီးတတ်တဲ့လူသားလေး။

"ပိုက်ဆံများများရှာပြီးရင်အဲ့အခန်းကိုပြန်ဝယ်မှာ"

"ကိုကိုအရမ်းသဘောကျရင် ဒီက ခေါင်မိုးထပ်ကို အဲ့အတိုင်း

ပြင်ပေးမယ်လေ

"အလုပ်သွားတော့မယ်ကွာ ၊အသေးလေး မနက်စာစားတာလည်း

ထိုင်ကြည့်ပြီးပြီ ၊နမ်းလည်းနမ်းပြီးပြီဆိုတော့"

ခေါင်မိုးထပ်အခန်းနဲ့ဆင်တူအောင် ဖန်တီးပေးမည်ပြောလိုက်တိုင်း ထိုကဲ့သို့ စကားစဖြတ်တတ်သည်။သူ့ခေါင်မိုးထပ်အခန်းလေးကိုပဲ ဒေါက်တာက သိပ်မြတ်နိုးကာ သံယောဇဉ်တွယ်နေတတ်ရှာသည်။

"ညနေ ဆေးရုံကအပြန် ဆိုင်မှာ ဝင်ကြိုမယ်နော်"

"နေ့လည်စာစားချိန် နောက်မကျစေနဲ့နော်ဖုန်းဆက်ကြည့်လို့ မစားရသေး ဘူးဆို အရိုက်ခံရမယ်"

"ရိုက်လေ ... ဒါလေးနဲ့ရိုက်"

Jiminရဲ့ နှုတ်ခမ်းလေးကို လက်နဲ့ညှစ်ကာ ပြောလာတော့ကိုယ့်အတက် ကိုယ်စူးကာ ပါးစပ်ကိုပိတ်ထားလိုက်ရတော့သည်။ဒေါက်တာကတော့ အိမ်ထဲက မထွက်မချင်းအနမ်းတွေဝေလို့မပြီးနိုင် မစီးနိုင်ခဲ့။

တစ်ပတ်ခန့်ကြာသော်

TaeHyungရဲ့ကားကိုယူကာ ခေါင်မိုးထပ်ဆီသို့Jiminတစ်ယောက်တည်း ထွက်လာခဲ့မိသည်။ပိတ်ရက်မှအတူတူလာမယ်ဆိုပေမဲ့ ဒေါက်တာပင်ပန်းနေမှာ စိုး လို့ ဆိုင်မှာ လူပါးတဲ့အချိန် ထွက်လာခဲ့ခြင်းဖြစ်သည်။လှေကားထစ်လမ်းလေးကို တက်နေရင်းမှ အတူတူဖြတ်လျှောက်ခဲ့ဖူးတဲ့ မနက်ခင်း၊ညနေခင်းတွေ..ဝေးခဲ့ကြတဲ့ အချိန်တချို့က နာကျင်မှုအပြည့်နဲ့ညနက်နက်တွေကို ပြန်ပြောင်းသတိရကာ မျက်ရည်လေးလည်လာသည်။ပြန်လာပေးခဲ့လို့ ဘယ်လောက်အထိချမ်းမြေ့ခဲ့ရတယ် မှတ်လဲ ခေါင်မိုးထပ်ကလူရယ်။

Unconditional LoveWhere stories live. Discover now