လို့၊ သူတို့ဦးလေးတွေအိမ်အတွက် မိသားစုဆရာဝန်သဘောမျိုး ထားထားချင်လို့တဲ့ အဲ့ဒါလက်ခံလိုက်ရင်ကောင်းမလားလို့"

"အခုတောင်အလုပ်တွေများနေတာ၊ညဂျူတီတွေလည်းရှိနေတာ၊ အဆင် ပြေပါ့မလား

"ပြေပါတယ် ၊အရေးတကြီးလိုတဲ့အချိန်သွားရုံပဲဆိုတော့လေပင်ပန်းမှာ စိုးရိမ်လို့

"ဒီလောက်လေးနဲ့ မပင်ပန်းပါဘူး၊ ပြန်လာရင်အချစ်ကလေးမျက်နှာ မြင်ရတာပဲ ပင်ပန်းစရာလား"

"အဟက်...အလုပ်တွေအရမ်းကြိုးစားနေတဲ့ ဒေါက်တာပါလား"

"ကြိုးစားရတာပေါ့ အချစ်ကလေးကို မုန့်ဖိုးများများပေးဖို့"

တစ်ခါတလေ Jiminကပဲ ဒေါက်တာ့ကို နည်းမျိုးစုံသုံးပြီး လူကိုအတွင်း ကလီစာတွေ ကပြောင်းကပြန်ဖြစ်အောင် တီတီတာတာ ချွဲနွဲ့နေတတ်ပေမဲ့ ဒေါက်တာ့ဘက်က ဒီလိုပြန်ပြောလာတဲ့အခါမျိုးကျရင်တော့ သိပ်မနေတတ်။ နှုတ်ခမ်းလေးချွန်ပြီး မျက်မှောင်ကုပ်ကာ ပြန်ကြည့်တတ်သည်။

"ခွင့်ပြုမှာလားလို့ညဘက်တွေအရေးတကြီးလှမ်းခေါ်လို့ ကျွန်တော့်ကိုပါ ခေါ်သွားမယ်ဆိုရင် ခွင့်ပြုမယ်"

"အိပ်ရေးပျက်မှာစိုးရိမ်တာကွာ၊တခြားကြောင့်မဟုတ်ဘူး"

"ကျွန်တော့်ပါ ခေါ်သွားရင်ခွင့်ပြုမယ်ဆို"

"ဆေးရုံကနေတန်းပြီး သွားရတဲ့အချိန်ကလွဲရင် ခေါ်သွားမယ်၊

အဲ့လိုဆိုရလား "

"သိပ်ရတယ်"

"ဒီလိုဆို ကိုကိုလက်ခံလိုက်မယ်နော်"

အသေးအမွှားကိစ္စလေးတွေကအစ တစ်ယောက်ရဲ့

ခွင့်ပြုချက်ကို တောင်းခံပြီးမှ ရှေ့ဆက်တတ်ကြသည်က ချစ်သူရည်းစား ဘဝထဲက အမြစ်တွယ်လာသည့် အလေ့အကျင့်တစ်ခု။Jiminကပိုချစ်တာ... Jungkookက ပိုချစ်တာဟူ၍ဘေးလူတွေက အကဲဖြတ်ကြရင်တော့ မှားပေလိမ့်

မည်။ နှစ်ယောက်လုံး ပိုတယ်လိုတယ်မရှိအောင်

ညီတူမျှတူပဲ ချစ်နိုင်သမျှအစွမ်းကုန်ချစ်ကြသည်မို့လေ...။နာကျင်စရာအချိန်တွေက ကုန်ဆုံးခဲ့ပြီထင်သည်။

Unconditional LoveWhere stories live. Discover now