Aeria

1.4K 94 8
                                    

Aeria ကို Supportပေးသူကတော့
ညီမလေး  Wutyi Phyo ပါ။

ညီမလေး Wutyi Phyo ကိုကျေးဇူး
များကြီးတင်ပါတယ်။

--------------------------------------------------

"အယ်ရီရာ..."

"ဘယ်လာရီ..."

လေဆိပ်ဝန်းထဲဆူညံနေပေမဲ့ ဘယ်လာရီ၏ ခေါ်သံ ၊ အပြုံးနှင့် အတူ စွေ့ခနဲနေ
အောင်ပွေ့ဖက်မွှေ့ရမ်းမှုကြောင့် အယ်ရီ
ရာ့ ကမ္ဘာခေတ္တတိတ်ဆိတ်ငြိမ်သက်
သွားရသည်။ သူမဆောင်းလာသော
သိုးမွှေးဦးထုပ်အညိုလေးကို ပိုင်နိုင်
စွာဆွဲချွတ်ရင်း အယ်လာရီ၏ ဆံပင်
တွေကို ဖွလာခဲ့သည်။ ထိုသို့သော် ဘယ်လာရီ၏ ပိုင်စိုးပိုင်နင်းအပြုအမူအတွက် သူမနည်းနည်းမျှစိတ်မကွက်မိ။

"လှလာလိုက်တာ အယ်လာရီ...နင်နဲ့
တောင်ပိုင်းက တည့်တယ်ထင်ရဲ့"

ဘယ်လာရီက ပြုံးပြုံးလေးပြောပေမဲ့
မျက်ဝန်းတွေကတော့ ဆွေးလျလျပဲ။
ဒါတွေကို အယ်လာရီက တွေ့နေမြင်
နေသည့်တိုင် သူ့မူပိုင်အတိုင်း ခပ်ယဲ့
ယဲ့ပဲပြုံးပြသည်ကလွဲ ဘာမှ မထူးခြား
နား။ လွယ်လာသောကျောပိုးအိတ်က
လွဲပြီး သယ်စရာမရှိသည့်အတွက်
ဘယ်လာရီက အယ်ရီရာ၏ ခါးကို
တင်းတင်းကျပ်ကျပ်ဖက်ရင်းနှင့်ပင်
လေဆိပ်ထဲက ထွက်သည်။ မြောက်
ပိုင်း၏ စိုစွတ်အေးခဲလေ့ရှိသော ရာသီ
ဥတုအတွက် အယ်ရီရာက အသားကျ
ဖို့ ကြိုးစားရှာသည်။ သို့ပေမဲ့ချက်ချင်းဆိုသလို ပါးပြင်တွေနီရဲတက်လာသော
အယ်ရီရာကို ကြည့်ရင်း ဘယ်လာ က
ခပ်ဟဟရယ်မောသည်။

"သွားမယ်ဟေ့..."

ဘယ်လာက သူ့စတိုင်အတိုင်းတဝူးဝူး
နှင့်တက်ကြွစွာအော်ဟစ်ရင်း လေဆိပ်
ဝင်းထဲမှ အကြမ်းပတမ်းမောင်းထွက်
လေ၏။ အယ်ရီကတော့ ဘယ်လာလုပ်
သမျှကို ပြုံးပြုံးလေးပဲ ငေးကြည့်နေ
ဖြစ်သည်။

အမြဲလိုလိုတက်ကြွလန်းဆန်းပြီး ပွင့်
လင်းသည့် ဘယ်လာနှင့် တိတ်ဆိတ်ငြိမ်သက်နေတတ်သည့် အယ်ရီဘယ်
လိုဖြစ်ပြီး အပေါင်းအသင်းလုပ်မိကြ
တာလဲ ဟူသော မေးခွန်းကို မြို့ကလူ
တွေအားလုံးသိချင်ကြသည်။ အဖြေက
ထင်သလောက် မရိုးရှင်းပေမဲ့...အခု
လို ကားမောင်းနေလျက်ကနေ အယ်ရီ
ကြိုက်တတ်သော Kpop သီချင်းကို
လည်း ဖွင့်ပေးဖို့ မမေ့တတ်သည့် ဘယ်လာက အယ်ရီ့အတွက်တော့ အကောင်းဆုံးသူငယ်ချင်းပါပဲ။

21's SpringWhere stories live. Discover now