part 10.9 (end)

11.2K 1K 39
                                    

"ဒန်နီရယ် နင်ဘိဂဲလ်ကိုလွှတ်လိုက် "

လီလီအသံကြောင့်လှည့်ကြည့်လိုက်တော့
လီလီက အလ်လက်စ် ရဲ့နှလုံးသားကိုဓားနဲ့
စိုက်ထားသည် အရမ်းကြီးမဟုတ်ပေမယ့်
နည်းနည်းဝင်နေပြီး အလ်လက်စ် ကလဲ
အားနည်းပြီးမလှုပ်နိုင်တော့ဘူး

"လီလီ!! ခုချင်ချင်းရပ်စမ်း! "

အပြာရောင်အလင်းတန်းဟာလိမ္မော်ရောင်အဆင့်ဖြစ်လာသည်

"ဟက်...ဘိဂဲလ် ကိုလွှတ်လိုက်လေ "

"တောက်...နင့်ကိုငါပြောနေတယ်ရပ်လို့!!"

လီလီကတဖြေးဖြေးစိုက်ထည့်နေသည်

"ဝုန်းး"

ဘိဂဲလ် ကိုယ်ကိုနံရံနဲ့ဆွဲစောင့်လိုက်သည်

"အ"

လီလီကိုင်ထားတဲ့ဓားကလဲ အလ်လက်စ်
ကိုယ်ထဲဝင်သွားသည်

"လီလီ!!!"

လိမ္မော်ရောင်အလင်းဟာနီရဲတောက်လာ
ပြီး လီလီ ကိုယ်ကိုဖြတ်သွားခဲ့သည်
ခနနေတော့ လီလီရဲ့ကိုယ်ဟာ တစ်ခြမ်းစီ
ဘေးကိုကျသွားခဲ့သည်

ဒန်နီရယ် အလ်လက်စ် နားပြေးပွေ့လိုက်တော့
ဟိုကအသက်မရှူတော့ဘူး

"အားးးး...အကုန်လုံးကိုသတ်ပစ်မယ် "

ဒန်နီရယ်ဟာ လူတစ်ယောက်ချင်းစီကို ပိုင်း
ဖြတ်ကာ သတ်နေသည် သေနေပြီးသား
လီလီကိုတောင် အမှုန်မွှားဖြစ်တဲ့ထိသူစိတ်
ကျေနပ်အောင် လုပ်နေသည် ဘိဂဲလ်ကလဲ
ပြန်ထလာတော့ သူမြင်လိုက်ရတဲ့မြင်ကွင်းကြောင့် မျက်လုံးကြီးပြူးနေသည် လူတွေဟာ
အားလုံးအသားတုံးလိုအပိုင်းပိုင်းဖြစ်နေ
တယ်လေ ဒီလောက်ရက်စက်တာသူတစ်ခါမှမမြင်ဖူးဘူး သူကြည့်နေရင်း လီလီရဲ့ခေါင်း
ကိုမြင်တော့

"လီလီ! ..ဒန်နီရယ် မင်း "

"ဟားဟား သေကြစမ်း...အားး.သတ်ပစ်မယ်
အားလုံးကို...တောက် "

ဘိဂဲလ်ဟာသူ့စီအာရုံမရတဲ့ဒန်နီရယ်ရဲ့နောက်
ကျောကိုဓားနဲ့ထိုးချလိုက်သည်

"ဟင်...မင်း..မင်း"

"ဟားဟား..ငါ့ကိုသတ်မယ်ပေါ့... မင်းတို့လို
အဆင့်နိမ့်တဲ့ကောင်တွေက ငါ့လိုအလင်းနတ်
ဘုရားကိုသတ်မယ် ပေါ့ ဟားဟား"

System Mochi (Completed )Where stories live. Discover now