part10.1

12.1K 981 88
                                    

ဇာတ်ကြောင်းဖတ်လိုက်တော့ ဇာတ်လိုက်
နာမည်က အဘိဂဲလ် လို့ခေါ်တဲ့ ဗန်ဗိုင်းယား
တွေရဲ့ဘုရင် ဇာတ်လိုက်မက
လီလီ လို့ခေါ်တဲ့လူသားမိန်းကလေး
ဘယ်လိုတွေ့ပြီးချစ်ကြလဲဆိုတော့ လီလီ
ဟာ သူငယ်ချင်း ပျောက် ရှာရင်း ဗန်ဗိုင်းယား
နန်းတော်ကိုမျက်စိလည်လာရနေ
တွေ့ပြီးချစ်သွားကြတာ နောက်တော့ လီလီကို
သွေးစုပ်ကောင်အဖြစ်ပြောင်းကာ
ဧကရီမြောက်လိုက်သည် အဘိဂဲလ် ဟာအမှန်
တော့ဘုရင်အစစ်မဟုတ်ဘူး ဘုရင်အစစ်က
လွန်ခဲ့တဲ့ နှစ် ၅၀၀က သေဆုံးခဲ့တယ် ဘုရင်
အစစ်ပြန်လာဖို့ အမြဲ လူသားတစ်ယောက်
ဆပ်သရတယ် ဘုရင်အစစ်ရဲ့ဧကရီအစစ်
မှသာ ဘုရင်ကပြန်ရှင်သန်မှာ ဧကရီကလဲ
လူသားထဲက လို့ဟောထားတာကြောင့်
လပြည့်နေ့တိုင်းလူသားတစ်ယောက်
ဆပ်သရတယ် ဘုရင်က လပြည့်နေ့တစ်ရက်
ဆိုပြန်ရှင်သန်လာတယ် နောက်တော့တကယ့်
ဧကရီပေါ်လာခဲ့တာကြောင့် ဘိဂဲလ်
က လီလီနဲ့ပေါင်းပြီး ဧကရီကိုရှင်းခဲ့တယ်
ဘုရင်ကိုလဲ လုပ်ကြံသတ်ဖြတ်ပြီး သူတို့က
တော့ပျော်ရွှင်စွာနေသွားကြတယ်

(WTF.. ငါကဘယ်သူလဲ)

(Host ဝင်ထားတဲ့ကိုယ်က ဒန်နီရယ် လို့
ခေါ်တဲ့လူသားကောင်လေး ဒန်နီရယ်က
လီလီရဲ့သူငယ်ချင်း လီလီက လက်ဖက်စိမ်းမ
ဒန်နီရယ် ကို ရှာသလိုနဲ့ ဘိဂဲလ် နဲ့နီးစပ်အောင်
လုပ်ခဲ့တာ နောက်မထင်မှတ်စွာဘဲ ဒန်နီရယ်က
ဧကရီဖြစ်လာတော့ အရင်ဘုရင်က အသက်
ပြန်ရှင်လာခဲ့တယ် ဒါပေမယ့် အားနည်းနေသေး
တယ် ဘိဂဲလ်က နန်းဖယ်ပေးရမှာစိုးတာ
ကြောင့် ဒန်နီရယ်ကိုလုပ်ကြံခဲ့တယ် အရင်ဘု
ရင်ဟောင်းက စွမ်းအားမတိုးသေးတာကြောင့်
မကာကွယ်နိုင်ဘူး သူလဲနောက်ဆုံး ဘိဂဲလ်တို့
လက်ချက်နဲ့ဘဲသေခဲ့တယ်)

(ဒါဘဲလား)

(ဟုတ်ပါတယ်)

(ဒါဆိုငါကခု ဒန်နီရယ်လား)

(ဟုတ်ပါတယ် host ခုရောက်လာတာက
လပြည့်ညပါ ခနနေ ဗန်ဗိုင်းယား
ရဲ့အရှင်ရောက်လာမယ်)

(သူ့ နာမည်ကဘာလဲ )

(အလ်လက်စ် ပါ host ပြီးတော့ mission
က မူလပိုင်ရှင်မသေစေရန်
ဇာတ်လိုက်မကို လက်စားချေရန်
ချစ်တဲ့သူနဲ့ပေါင်းဖက်ရန်ပါ)

System Mochi (Completed )Where stories live. Discover now