အပိုင်း(34.1)

1.1K 91 6
                                    

Uni

" ဒါမင်းလုပ်တာလား ဝမ်ရိပေါ် "

မင်းချောင်ရဲ့ ဒေါသအကြည့်ကိုရိ‌ေပါ်က လှောင်ပြုံးလေးဖြင့် ပြသ၍

" မင်းမယ်တော်က ကြင်ယာတော်ကိုအရင်ပေးသေပါဆိုလို့ငါက ဖြည့်ဆည်းပေးတာလေ "

လည်ပင်းကိုဓားထောက် ထားတာကိုတောင် ဂရုမစိုက်စွာဖြင့် ပြောဆိုလာတဲ့ ရိ‌ေပါ်ကြောင့် လက်ဝဲအမတ်ကြီးက ဒေါသအကြီးအကျယ်ထွက်လာကာ

" ဘာလုပ်နေကြတာလဲ အဲကောင်ကို အရင်သတ်စမ်း ငါ့သမီးအတွက် သူ့ကိုအရင်သတ်စမ်း "

သူ့ကိုလှောင်ပြုံးဖြင့် ပြုံးပြနေတဲ့ ရိ‌‌ေပါ်ကြောင့် လက်ဝဲအမတ်ကြီးဟာ ပိုပိုပြီးဒေါသထွက်လာကာ အမိန့်ထပ်ပေးဖို့ကြံနေတုန်း သူ့ကိုယ်အတွင်းမှ အလွန်ပူလောင်လာကာ အတွင်းကလီစာများကို ဓားပါးပါးဖြင့် ထိုးခွဲနေသလိုခံစားလာရကာ နောက်ထပ်စကားတစ်လုံးထပ်မပြောရသေးခင် သွေးအန်ကာ သူ့သမီးလိုမျိုးလဲကျသေဆုံးသွားတော့သည်။

မိဖုရားသုံး နှင့် မင်းသားသုံးတို့ဟာ သူတို့ရဲ့အဓိကထောက်တိုင်ကြီးနှစ်ခု ရုတ်တရက်သေဆုံးသွားတာကြောင့် အံ့ဩကာ‌လန့်သွားပြီးနောက် မင်းချောင်က ပုဝါဖုံးထားတဲ့ လူများအား

" ဝမ်ရိ‌ေပါ်ကို အရင်သတ်ကြစမ်း "

လို့အော်ဟစ်အမိန့်ပေးပေမယ့် တစ်ယောက်မှ မလှုပ်ကြပေ။

" ဘာလို့အရူးလိုရပ်နေတာလဲ သွားသတ်ကြလေ "

မင်းချောင်က သူ့လက်အောက်ငယ်သားများကို အမိန့်ပေး ပေမယ့် တစ်ယောက်မှ မလှုပ်ရှားကြပေ။သူတို့က ထိုအတိုင်း တော်ဝင်မျိုးနွယ်များကို ဓားထောက်ထားတဲ့အတိုင်းဘဲ့နေ နေတော့သည်။

ထိုအချိန် ညီလာခံအတွင်းကို မျက်နှာဖုံးတပ်ထားတဲ့ တပ်သားများဝင်ရောက်လာတော့သည်။သူတို့‌အနောက်တွင် သလင်းကျောက်ဖြင့်ထုထွင်းထားတဲ့ ပုလ္လင်တစ်ခုကို လူတစ်စုက သယ်ကာရောက်လာပြန်သည်။ ဝင်ရောက်လာတဲ့သူများထဲမှ တစ်ယောက်က ရိုဟန်ကိုကြည့်ကာ လယ်ဖယ်ပြလိုက်တော့ ရိုဟန်ကို ဓားဖြင့်ထောက်ထားတဲ့ လူများက ရိုဟန်ကို ထူကာ ပုလ္လင်ပေါ်မှ ဆင်းခိုင်းလိုက်လေသည်။ ထိုနောက် ဘုရင့်ပုလ္လင်အရှေ့တွင် အဆိုပါသလင်းကျောက်ပုလ္လင်ကိုချထားလိုက်လေသည်။

ရူးချင်ယောင်ဆောင်နေတဲ့ ကျတော့်ဖူးစာရှင်Место, где живут истории. Откройте их для себя