" ဂွေးတိုရေ! ဒုက္ခပဲဟ! ဝမ်ရိပေါ်ကြီးပျောက်သွားပီ! "

hxကလဲပြူးတူးပြဲတဲနဲ့ ခေါင်းပြူပီးကြည့်လိုက်တယ်။ ဒါတောင်သူ့ဘေးကxzက မှန်ပြောင်းကြီးတကားကားနဲ့စောက်လုပ်ရှုပ်လို့မပီးသေးဘူး။

" ရှောင်းကျန့်! အဲ့တာကြီးကိုချထားစမ်းပါ မင်းကအဝေးပဲမှုန်တာနော် မကန်းသေးဘူးသိလား! "

အစထဲကဒီတိုင်းကြည့်ရင်ကိုကွက်ကွက်ကွင်းကွင်းမြင်နေရတဲ့ဟာကို ဘာကိစ္စအဲ့တာကြီးယူလာမှန်းမသိဘူး။

တကယ် တကယ်! အရူးကိုအရူးလို့ပြောတော့လဲမကြိုက်ဘူး!

"ဝွန်း... ဘာနဲ့ကြည့်ကြည့်ပေါ့ကွာ စောက်စကားမများနဲ့ လူသာလိုက်ရှာစမ်းပါ! "

ပြောပီးတော့သူဟိုဟိုဒီဒီလိုက်ချိန်နေလိုက်တယ်။(မှန်ပြောင်းနဲ့)

" အိုက်ယား ထွက်သွားပီထင်တယ် မင်းရောသူ့ကိုမတွေ့တော့ဘူးလား ''

"..........''

ဟောက်ရွှမ်းက သူ့ကျောဘက်ကိုလက်နဲ့လာပုတ်တာကြောင့်လှည့်ကြည့်လိုက်တယ်။
သူ့နှလုံးခုန်သံတွေရပ်သွားတယ် သူခိုးလူမိသွားပြီ!

ရှောင်းကျန့်ရေမရှာနဲ့တော့ဟ! ဝမ်ရိပေါ်ကြီးကငါတို့နောက်မှာလို့!

ရိပေါ်က သူ့ဂျိုုင်းလောက်ရှိတဲ့တစ်ယောက်ကို လက်အမူရာနဲ့ထွက်သွားဖို့ပြောလိုက်တယ်။

hxက ပါးစပ်ပိတ်ပီးခေါင်းကိုသာဇွတ်ခါတယ်။

သူတကယ်သစ္စာမဖောက်နိုင်ဘူး!

ရိပေါ်က အပေါက်ဝကစည်းကမ်းထိန်းသိမ်းရေးဆီ လက်မနဲ့ညွှန်ပြတယ်။
အဲ့ကျတော့မှ ဂျပုကလေလိုအလျင်နဲ့ ခြေထောက်ကိုဒုံးကျည်တပ်ပီးပြေးထွက်သွားတယ်။

hxကတော့ ပြေးရင်းကပဲxzကို အသုဘချဖို့အသင့်ပြင်ထားခဲ့တယ်။

ငါကသစ္စာရှိပါတယ်! ငါ့ခြေထောက်ကငါ့အမိန့်မနာခံတာတော့ငါလဲဘယ်တတ်နိုင်ပါ့မလဲကွာ! ရှောင်းကျန့်ရေ အမျှ! အမျှ!

အဖြစ်ပျက်ကိုမသိတဲ့ရှောင်းကျန့်ကတော့လူရှာလို့ကောင်းတုန်းပဲရှိနေသေးတယ်။
သူ့ကိုလက်နဲ့လာပုတ်လို့ hxထင်ပီးခပ်ပြင်းပြင်းပြန်ရိုက်လိုက်သေးတယ်။
နောက်တခါထပ်ပုတ်ခံရပြန်တယ်။

ကျွန်တော့်ချစ်သူ ဆိုးပေလေးWhere stories live. Discover now