💚 Real life 1 ❤️

7.2K 722 21
                                    

ကျွီ....ဝုန်း....

အရှိန်ပြင်းစွာစီးနင်းလာ‌သော ကားတစ်စီးသည် လမ်းဘေးပလပ်ဖောင်းကိုတိုက်ကာ ကားနှစ်ဂျွန်းပြန်လောက် လည်သွားသည်။

အထဲက လူကတော့ သေမှာတော့သေချာသလောက်ရှိသည်။
ကား၏အရှိန်ကသေးမှမသေးတာ။

ရှောင်းကျန့် ထိုကားကာ တိုက်ခါနီးမှ လူတစ်ယောက်၏ကယ်တင်ခြင်းကိုခံလိုက်ရလေသည်။
ခုထိုသူရဲ့ ရင်ခွင်ထဲမှာမြှုပ်နေတော့သည်။

ရင်းနှီးတဲ့နွေးထွေးမှု့လေးကြောင့် ရိပေါ်ဖြစ်မည်ထင်ကကာ ကြည့်မိတော့ ဒေါသများက အရှိန်အဟုန်ဖြင့်
ထိုသူရဲ့ရင်ခွင်ထဲမှထွက်ကာ ထိုသူအားတွန်းထုတ်ပစ်လိုက်မိသည်။

ရိပေါ်ပြောင်းလဲမှု့မြန်ဆန်သွားတာကြောင့် ကြောင်အနေတုန်း သတိပြန်ဝင်လာတော့ သူချစ်ရတဲ့ကလေးက မရှိတော့....

သွားပီ ကလေးအထင်လွဲသွားပီ ...
ရိပေါ်လဲဖုန်းထုတ်ကာ

📞သူတော့ငါ့ကိုအထင်လွဲသွားပီ

(ရိပေါ်ရာ စိတ်အေးအေးထားနော ငါတို့ရှင်းပြဖို့ကြိုးစားတာထက် သူနားလည်လာအောင် ကြိုးစားတာက ပိုပီးအဆင်ပြေလိမ့်မယ်)

📞အင်း

Call end အားနှိပ်ပီး မုန့်ယောင်ပိုင်တဲ့ bar သို့ကားကိုဦးတည်မောင်းသွားလိုက်သည်။

~~~~~~~~

ရှောင်းကျန့်ဒေါသအတော်ထွက်နေသည်
သူချစ်တဲ့ရိပေါ်က သူ့ရီးစားဟောင်းရဲ့ ချစ်သူတဲ့လား
ဘာလဲ သူက လှေနံနှစ်ဖက်နင်းချင်တာလား
လှေနံနှစ်ဖက်တော့မရဘူး လက်ဝါးဖဲရမယ် မအေဘေး...

Bar တွင်ရှောင်းကျန့်အမူးသောက်နေလေသည်
တစ်ခွက်

နှစ်ခွက်

သုံးခွက်~~မြောက်ကျ မူးပီးမှောက်သွားလေတေယ့သည်။

တိုက်ဆိုင်တာလားကံကြမ္မာက မျက်နှာပေးတာလားတော့မသိ...

ရိပေါ် bar ရောက်တော့ မြင်နေကျ ဖြူသေးသေးလေး သေချာကြည့်မှသူ့ဘေဘီပင်။

မတော်လို့ မကောင်းတဲ့ကောင်တွေက
သူ၏ဘေဘီအား ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့ရင် ဘေဘီကိုထိတဲ့လက်တွေကိုဖြတ်မယ် စိတ်ထဲကပစ်မှားခဲ့ရင် စိတ်ဓာတ်သေဆုံးအောင်လုပ်မည်။

💚System Coe❤️ (Completed )Where stories live. Discover now