"မောင် တော်တော့ ထပ်ရိုက်ချင်ရင် ကိုကို့ ကိုရိုက် သူတို့အမှားမဟုတ်ဘူး ကိုကိုအမှားပါ"

သူမစကားလည်း မမှားတာမို့ ရှောင်ကျန်းပြောလိုက်သည်။

"ကိုကို"

"တော်ပါတော့ မောင်ရာ"

"အီးးးးဒယ်ဒီ ပါပါးကို မရိုက်နဲ့ အီး ပါပါးကို မရိုက်နဲ့ "

အားလုံးလေးစားရတဲ့ ceoက သူ့ကြောင့်နာမည်ပျက်မခံနိူင်တာမို့ ရှောင်ကျန့်ဝင်ပြောလိုက်သည်။

ရှောင်ကျန့်သိတာပေါ့ မောင်ကသူ့နဲ့ပတ်သက်သမျှ ထိထိမခံတဲ့မောင်က အခုလိုမျိုး အပြောခံရလိုက်တော့ ပိုဆိုးပေါ့။  သူမှအဲ့လိုမပြောရင် မောင်ကအဲ့မိန်းမကို သေလောက်ထိရိုက်လိမ့်မယ် ဒါတောင်မှ ဟိုမိန်းမက နှာခေါင်းသွေးတွေ အဆက်မပျက်ကျနေပြီ။

ကိုကို့ ကိုစော်ကားသွားတာတောင် ကိုကိုက အဲ့မိန်းမစုတ်ကို သူ့ကိုယ်သူနဲ့ ကာ‌ကွယ်ပေးနေတာလား။ သူ့ကိုယ်သူ အနာခံပြီးတော့လား။ သူ့ကိုအရမ်းချစ်ပါတယ် ဆိုတဲ့ကိုကိုကလေ။
သူမယုံနိူင်ပေမယ့် မျက်ရည်တွေနဲ့ သူ့ရှေ့မာ လာရပ်နေတဲ့လူက သူအသက်နဲ့လဲပြီး မြတ်နိုးရတဲ့ ရှောင်ကျန့်ဆိုတဲ့ ကိုကိုဖြစ်နေတာမို့ သူမကိုရွယ်ထားတဲ့လက်ကို ချလိုက်ပြီး ဒီနေရာကနေ အမြန်ထွက်လာလိုက်သည်။

တခါတစ်လေ အချစ်တွေက နာကျင်လိုက်ရတာဗျာ။

.........

ည၁၁နာရီ တောင်ထိုးနေပြီ အခုထိပြန်မရောက်သော ဝမ်ရိပေါ်ကြောင့် ရှောင်ကျန့်အရမ်းစိုးရိမ်နေပြီ။ ဖုန်း‌ဆက်လည်း ဖြေဆိုသူက မဲ့နေတယ်။ အဝင်ရှိပြီး ဖြေသူမရှိတဲ့ နံပါတ်ကို သူအဆက်မပြတ်ခေါ်နေမိသည်။

ရိပေါ်တစ်ယောက် ကိုကို ကိုစိတ်ဆိုးတာမဟုတ်ပေမယ့် ကိုကိုက ဟိုမိန်းမကိုယ်စား ပါးအရိုက်ခံပေးမယ်လို့ ပြောတော့ သူ့ရင်ကို အပိုင်းအဆက်ဆက်ခွဲနေသလို အရမ်းနာကျင်ရသည်။ သူတောင်မထိရက် မကိုင်ရက်ပဲနဲ့ တစ်ခြားသူအတွက် အနစ်နာခံမယ်ပြောတော့ သူ့ချစ်ခဲ့တာတွေက ဘာမှမဟုတ်တော့ဘူးလားဆိုပြီး အတွေးဝင်လာပြန်တယ်။
အရမ်းကို ဝမ်းနည်းလာတာမို့ ကိုကိုရှေ့မာငိုမိမာစိုးလို့ သူထွက်လာခဲ့တယ်။

Our Family (Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ