part-30

1.6K 169 3
                                    

"မောင် ငါတို့စကားပြောဖို့လိုတယ်"

"အဲ့ဒီကိစ္စဆိုရင်တော့ တော်ပြီhyung... မောင်မနက်စောစောစီးစီး စကားမများချင်ဘူး"

အေးချမ်းခဲ့သောအချိန်များသည် chimလေး၄နှစ်ပြည့် park jimin၏ လိုအင်ဆန္ဒတစ်ခုမှာ မငြိမ်မသက်ဖြစ်ရပြန်သည်။

"ညကျတော့လည်းကောင်းကောင်းမပြောရဘူး ဘယ်ချိန်ထိဒီလိုလုပ်နေမှာလည်း"

"မောင်ခွင့်မပြုဘူး..."

"မောင်...!"

ရေချိုးခန်းထဲမှထွက်လာကာ အလုပ်သွားရန် အင်္ကျီလဲနေသူအား ကုတင်ပေါ်မှာ ထိုင်ပွားနေသူပါလေ။

"ဘာလို့လဲ ဘာလို့ခွင့်မပြုရတာလဲ..."

"chimလေးကငယ်သေးတယ်လို့ ပြောထားတယ်လေကွာ.."

"chimလေးက ၄နှစ်တောင်ပြည့်သွားပြီ ငါ့သမီးကိုအကြောင်းမပြနဲ့jungkook"

"အကြောင်းပြတာမဟုတ်ဘူးလေဗျာ...ကျစ်.."

လက်ကောက်ဝတ်ကြယ်သီးတပ်ရင်း ကုတင်ပေါ်မှလူသားအား လှည့်ကြည့်လိုက်သောအခါ စူစူပုတ်ပုတ်ထိုင်နေတာကြောင့် သူ့ဘေးနားလျှောက်သွားကာ မျက်နှာချင်းဆိုင်ဖြစ်အောင် ထိုင်လိုက်ရသည်။လက်နှစ်ဖက်ကိုဆုပ်ကိုင်သောအခါ ရုန်းနေသည်ကြောင့် နောက်တစ်ကြိမ်တင်းတင်းဆုပ်ကိုင်ထားရသည်။

"hyung...မောင့်ကိုကြည့်"

"..."

"တော်ပြီလေhyungရယ် chimလေးတစ်ယောက်ဆိုတော်ပြီပေါ့"

"တစ်ယောက်တည်းဆို ငါ့သမီးလေးအထီးကျန်လိမ့်မယ်...ငါ့လိုတစ်ယောက်တည်းဖြစ်နေမှာပေါ့..."

ကြံကြံဖန်ဖန်စိုးရိမ်တတ်သူသည် သမီးတစ်ယောက်တည်းအဖော်မဲ့နေမှာကျတော့​ပူတတ်တယ်။ သူဘယ်လိုနေမလဲတော့ထည့်စဥ်းစားပုံမရ။ သာမန်ရိုးကျမဟုတ်ဘူးjeon jimin...

"ဘာလို့ဖြစ်ရမှာလဲကွာ သူ့မှာအစ်ကိုရော အမရောရှိတယ်လေ"

"kieနဲ့kit ရှိတာတော့သိတာပေါ့ ဒါပေမဲ့... ဘယ်တူမလဲ"

"သူတို့မောင်လေးကို ဘယ်လောက်ချစ်ကြလဲ မောင်တို့မြင်နေရတာပဲလေ... ဘယ်လိုတွေတွေးနေတာလဲ hyungရယ်"

Oxygen(completed)Where stories live. Discover now