အပြင်ဘက်မှ အစောင့်ဂိုဏ်းသားများသည် သူတို့၏ ဂိုဏ်းချုပ်က အလိုမကျစွာ ဆူညံပေါက်ကွဲနေတာကြောင့် ငြိမ်သက်နေလိုက်ကြသည်။

"ပိုင်ခုံချွဲ့ မင်းတို့ရဲ့ ဂိုဏ်းချုပ်က ဘာဖြစ်နေတာလဲ ''

"ကျွန်မလည်း မသိဘူး အပြင်ကပြန်လာကတည်းက အခုလို ဒေါသထွက်နေတာပဲ တင်ပြစရာ ရှိတာတောင် မပြောရဲလို့ ဒီမှာရပ်နေတာ တစ်နာရီမကတော့ဘူး ကြာနေပြီ ''

ရှီးယွီသည် ချွင်စန်း၏ စိတ်ကို တိုအောင် လုပ်နိုင်သူက ဘယ်သူလဲ ဆိုတာ ကြိုသိနှင့်ပြီးသားမို့ ခန်းဆောင်ထဲကို ဝင်ခဲ့လိုက်သည်။

" ချွင်စန်း အိမ်ရှေ့စံက မင်းကို နှင်ထုတ်လိုက်လို့လား ''

"နှင်ထုတ်ရင်တောင် ငါက ပြုံးနေမှာ အခုဟာက ပိုင်ဝူရိ... အဲ့ဒီ ရန်သူပိုင်ဝူရိကိုမသတ်ရက်ဘဲ တွေဝေနေတဲ့ သူ့ပုံစံက ငါ့ကို ခံရခက်စေတာ မင်းပြောကြည့် သူ အဲ့ဒီ လူယုတ်မာ ပိုင်ဝူရိကို မေတ္တာသက်ဝင်နေပြီမလား''

ချွင်စန်းက ကလေးငယ်တစ်ဦး လို ငိုနေသည်မို့ ရှီးယွီက သက်ပြင်းချကာ ဆက်မပြောဘဲ  ခါးကြားမှ သေရည်အိုးကို ဖွင့်လို့သောက်လိုက်သည်။

အင်း ရှောင်ချွင်စန်း ငိုတာလေးကို အမှတ်တရ ကြည့်ထားအုန်းမှပါလေ။

.
.

ညနေစောင်းကတည်းက ပေါက်ကွဲနေခဲ့သော ဒေါသသည် လသာချိန်မှာတော့ အရှိန်သေသွားပြီးဖြစ်တာကြောင့် ရှီးယွီက ကုန်သွားပြီ ဖြစ်တဲ့သေရည်အိုးကို လှုပ်ခါလိုက်သည်။

"ဝေ့ ရှောင်ချွင်စန်း မင်းပေါက်ကွဲတာပြီးပြီမလား ''

"......''

"အဲ့တာဆိုလည်း ထ အခုလိုကြီး ဆက်မနေနဲ့ ငါပြောစရာရှိတယ် ''

"အဟမ်း ...ဘာပြောမလို့လဲ ''

ခုနက သူ့အားကြောင်တောင်တောင်နဲ့ အံ့သြစွာ ကြည့်နေခဲ့သည့် ချွင်စန်းက ချောင်းဟန့်ကာ မိစ္ဆာ​ဂိုဏ်းချုပ်ပုံစံပြန်ဖမ်းရင်း ဆိုလာစဉ် ရှီးယွီမှာ ရယ်ချင်ပက်ကျိဖြစ်သွားရသည်။
ထို့နောက် သူလည်း မျက်နှာကို ပြန်ထိန်းကာ လိုရင်းစကားကိုပြောပြလိုက်သည်။

Peculiarly System [Completed ]Where stories live. Discover now