..... .....

ဆေးဝါးများ ထည့်ထားသည့် ကားကြီးများနှင့် အတူ လောင်းရိပ်နှင့် ကျန်သည့်မြို့မှ လက်ထောက်ဆရာဝန် ၃ယောက်လည်း ပါသည်။ သူတို့ ဆရာဝန်လေးများကတော့ ကားလေးတစ်စီးဖြင့် သွားရမည်သာ...

နှုတ်ဆက်ရသည့် နေ့မှာတောင် မောင်က လောင်းရိပ်ကို ထွက်မတွေ့ခဲ့​ေပ ။လောင်းရိပ်...  မေနဲ့ နှုတ်ဆက်နေတာတွေ ၊ လုပ်ဖော်ကိုက်ဖက်တွေနဲ့ နှုတ်ဆက်နေတာတွေ ၊ ဆေးရုံအုပ်ကြီးနဲ့ နှုတ်ဆက်နေတာတွေပါ မောင် အဝေးကနေ အထင်သား မြင်ရပါသည် ။

"တာ့တာ ဦးရိပ် ၊ ဒီတစ်ခါတော့ မောင် ထွက် မနှုတ်ဆက်နိုင်တာ တောင်းပန်ပါတယ်ဗျာ "

တစ်ယောက်ထဲ ရေရွတ်နေသလို လက်ကလေးတစ်ဖက်ကိုလည်း မသိမသာလေး.ဝှေ့ယမ်းနေသည်။

....
"မေလေး...မောင်ရော မောင်ဘယ်မှာလဲ "

သူ့အား နှုတ်ဆက်နေကြသည့် လူကြားထဲ မောင့်ကို လိုက်ရှာသည် ။  ရှာမတွေ့ ။ ကလေးလူနာဆောင်နားမှာ တွေ့ခဲ့ပြီးကတည်းက မောင့်ကို မမြင်ရတော့ လူက ဟန်ချက်ပျက်နေသလိုလို ။ စိတ်ထဲမှာ ဒယိမ်းဒယိုင် ။
အခု ပြောင်းရွှေ့ရခါနီးတောင် မောင့်ကို ရှာမတွေ့ရသေးပေ ။ သူပြောလိုက်တဲ့ စကားတွေကို မြေဝယ်မကျနားထောင်တဲ့မောင်က အခုလည်း နားထောင်တာပါပဲ ။
ပြောတဲ့စကားကိုလည်း တည်ရှာပါသည်။
လိုက်ရှာသည်။ မ​ေတွ့သည့်အဆုံး မေ့အား မနေနိုင်စွာ မေးရလေတော့သည်။

"နောက်ဆုံးတော့ မေးပြီပဲ... ၊ ကိုကိုဟာလေ မောင့်ကို သံယောဇဥ်ရှိရဲ့သားနဲ့ ပစ်ထားနိုင်လွန်းတယ် "

"မောင်ရှိတဲ့ နေရာ မေလေးသိလား ၊ ကိုကို သူနဲ့ စကားပြောပြီး နှုတ်ဆက်ချင်တယ် "

"ဟိုနားက အာယုပါလ (ambulance)  ကား နောက်မှာ အကွယ်ကနေ ကိုကို့ကို ကြည့်နေတယ် ၊ မောင် သနားပါတယ် "

"ကေျးဇူး မေ "

နှုတ်ဆက်သည့် လူများ ပါးသွားပြီဖြစ်၍ မောင်ရှိရာသို့ ပြေးထွက်လာခဲ့ပါသည် ။

မောင်.. လောင်းရိပ် သူ့ဆီပြေးလာတာကို မြင်သဖြင့် ကားနောက်သို့ အကွယ်ယူရန် ငုတ်တုတ်ကလေး ထိုင်နေလိုက်သည်။
ထောင်ထားသော ဒူးနှစ်ဖက်ကို လက်ကလေးနှစ်ဖက်ဖြင့် ပိုက်ကာ ဝမ်းနည်းမှုအား ရင်ဆိုင်အံတုနေရသည်။

နားခိုခွင့် /နားခိုခြင့္ {Completed }Where stories live. Discover now